"အားမာန်" ကျို့(ခ်)ရှင်း ကရာတေးအသင်းမှ မင်းပြားမြို့၌ နွေရာသီ ကရာတေးသင်တန်း ဖွင့်လှစ်လျှက်ရှိ - မင်းပြား - သတင်း
Headlines News :
Home » » "အားမာန်" ကျို့(ခ်)ရှင်း ကရာတေးအသင်းမှ မင်းပြားမြို့၌ နွေရာသီ ကရာတေးသင်တန်း ဖွင့်လှစ်လျှက်ရှိ

"အားမာန်" ကျို့(ခ်)ရှင်း ကရာတေးအသင်းမှ မင်းပြားမြို့၌ နွေရာသီ ကရာတေးသင်တန်း ဖွင့်လှစ်လျှက်ရှိ

Written By Mong Bra's News on Wednesday, March 30, 2016 | 5:53 PM

မင်းပြား (March 31, 2016)

မင်းပြားမြို့ရှိ လူငယ်များအတွက် မရှိမဖြစ် တတ်ထားသင့်သည့် ကရာတေးသင်တန်းကို "အားမာန်" ကျို့(ခ်)ရှင်း ကရာတေးအသင်းမှ မင်းပြားမြို့၊ ရာမောင်ခန်းမ၌ ဖွင့်လှစ်ပေးလျှက်ရှိကြောင်း သိရသည်။

သက်တန်းကာလမှာ အပတ်စဉ်တစ်ခုလျှင် (၃)လ ကြာမြင့်မည်ဖြစ်ပြီး တနင်္ဂနွေနေ့မှလွဲ၍ နေ့စဉ် ညနေ (၄)နာရီမှ (၆)နာရီထိ ရာမောင်ခန်းမ၌ လေ့ကျင့်သင်ကြားပေးလျှက် ရှိကြောင်း သိရသည်။

ယခု ဖွင့်လှစ်လျှက်ရှိသည့် အပတ်စဉ် (၂)သင်တန်းတွင် သင်တန်းသား/သူ (၁၅)ဦး တက်ရောက် သင်ယူလေ့ကျင့်လျှက်ရှိပြီး ယခင် အပတ်စဉ် (၁)၌ သင်တန်းသား/သူ (၈)ဦးအား Orange ခါးပတ် ပေးနိုင်ခဲ့ကြောင်း သင်တန်းမှူး ဆရာ ဦးသန်းထွန်းကဆိုသည်။

မင်းပြားမြို့ရှိ လူကြီး/ငယ်များအနေဖြင့် အဆိုပါ "အားမာန်" ကျို့(ခ်)ရှင်း ကရာတေးအသင်းမှ ဖွင့်လှစ်လျှက်ရှိသည့် ကရာတေးသင်တန်း၌ တက်ရောက်လိုပါက သင်တန်းမှူး ဆရာ  ဦးသန်းထွန်း (Ph:၀၉၉၆၃၅၉၃၅၁၃) ထံ ဆက်သွယ်မေးမြန်းကြောင်း သိရသည်။

မင်းပြား - သတင်း
31. 03 . 2016

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger