မင်းပြား (March 30, 2016)
ရခိုင်အမျိုးသားပါတီ (ANP)၏ သဖောထား ထုတ်ပြန်ချက်များ (၁/၂၀၁၆) နှင့် (၂/၂၀၁၆) ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို မင်းပြားမြို့၌ (၃-၄-၂၀၁၆) တနင်္ဂနွေနေ့ နေ့လည် (၁၂)နာရီအချိန်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
" ကျွန်တော်တို့ ရခိုင်လူမျိုးတွေအနေနဲ့ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ အတွက် ရခိုင်အမျိုးသားပါတီ ANP ကို မဲပေးခဲ့ကြတာပါ။ အခု ရခိုင်ပြည်မှာ ရခိုင်အမျိုးသားပါတီက နေရာ အရေအတွက်အများဆုံး အနိုင်ရရှိပေမယ့် ရခိုင်ပြည် ဝန်ကြီးချုပ်နေရာကို မပေးခဲ့ဘူး။ ဒါကြောင့် ကျနော်တို့ ဆန္ဒဖော်ထုတ်ဖို့ လုပ်ရတာ ဖြစ်ပါတယ်။" ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်မည့် မင်းပြားမြို့မှ ဦးသိန်းစံကဆိုသည်။
မင်းပြားမြို့၌ ယခု ဆန္ဒထုတ်ဖော်မည့် ရည်ရွယ်ချက်မှာ ရခိုင်အမျိုးသားပါတီ၏ သဖောထား ကြော်ငြာချက်များအား အလေးထား ဆောင်ရွက်ပေးစေလို၍ ဖြစ်ပြီး (၃-၄-၂၀၁၆) ရက် တနင်္ဂနွေနေ့ နေ့လည် (၁၂)နာရီအချိန် မင်းပြားမြို့၊ မြို့မတောင်ကျောင်းမှ စထွက်ကာ ဦးဦးဘသိန်းမှ ဦးဆောင်၍ သတ်မှတ်လမ်းကြောင်းအတိုင်း ချီတက် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းပြား - သတင်း
30 . 03 . 2016
0 comments:
Speak up your mind
Tell us what you're thinking... !