မင်းပြား (March 25, 2016)
ရခိုင်ပြည်၊ မင်းပြားမြို့၊ ပြည်တော်သာရပ်ကွက်မှ အလှူဒါယကာ ဦးခိုင်ပြည်ကျော် (ရခိုင်တေးသံရှင်) ဇနီး ဒေါ်စုစုသန်း တို့၏ သားကြီး မောင်မင်းထက်ခိုင် ရှင်ပြုအလှူတော်မင်္ဂလာပွဲ၌ နာမည်ကြီး ရခိုင်အဆိုတော်များက စင်တင်တေးဂီတဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှင်ပြုအလှူတော်မင်္ဂလာပွဲတော်ကို (၂၇-၃-၂၀၁၆) တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် မင်းပြားမြို့၊ ဓမ္မာရုံကြီး၌ ပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းနေ့မတိုင်မီ (၂၆-၃-၂၀၁၆) စနေနေ့ ညနေ (၇)နာရီအချိန်တွင် မင်းပြားမြို့ ဓမ္မာရုံကြီးအနီး ဝင်္ကဘာကွင်း၌ နာမည်ကြီး ရခိုင်အဆိုတော်များက စင်တင်တေးဂီတဖြင့် ဖျော်ဖြေသွားမည်ဟု သိရသည်။
သို့ဖြစ်ပါ၍ မင်းပြားမြို့မှ ရခိုင်တေးသံရှင် ခိုင်ပြည်ကျော် မိသားစု ရှင်ပြုအလှူတော်မင်္ဂလာ ညဂီတဖျော်ဖြေဧည့်ခံပွဲသို့ မင်းပြားသူ/သားများ အနေဖြင့် စိတ်အပန်းပြေ လာရောက် ကြည့်ရှုနိုင်စေရန်အတွက် သတင်းကောင်း ပါးအပ်ပါသည်။
မင်းပြား - သတင်း
25 . 03 . 2016
0 comments:
Speak up your mind
Tell us what you're thinking... !