မင်းပြားမြို့ ကင်းဆိပ်ဈေးသစ်ဖွင့်ပွဲအခမ်းအနား ပြုလုပ် - မင်းပြား - သတင်း
Headlines News :
Home » » မင်းပြားမြို့ ကင်းဆိပ်ဈေးသစ်ဖွင့်ပွဲအခမ်းအနား ပြုလုပ်

မင်းပြားမြို့ ကင်းဆိပ်ဈေးသစ်ဖွင့်ပွဲအခမ်းအနား ပြုလုပ်

Written By Mong Bra's News on Thursday, March 24, 2016 | 3:06 PM

မင်းပြား (March 25, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်​၊ ကင်းဆိပ်ကျေးရွာ၌ ကင်းဆိပ်ဈေးသစ်ဖွင့်ပွဲကို (၂၄-၃-၂၀၁၆)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်​ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

အဆိုပါ ကင်းဆိပ်ဈေးသစ်ကို မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဦးရွှေမောင်၊ မြို့နယ်စည်ပင်ကော်မတီဝင် ဦးမောင်သိန်းရွှေနှင့် ကင်းဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်ဟု သိရသည်။

ကင်းဆိပ်ဈေးသစ်သည် မင်းပြားမြို့နယ် ကင်းဆိပ်ကျေးရွာရှိ ကင်းဆိပ်-ခြိတ်တောင် ကွန်ကရစ်လမ်းမအနီးတွင် တည်ရှိပြီး ဆိုင်ခန်းတစ်ခန်းလျှင် (၉ ပေ x ၁၀ ပေ) ရှိသည့် ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး ဆိုင်ခန်းပေါင်း (၁၃၁)ခန်းနှင့် အသားဈေး၊ ဟင်းဈေး၊ ဈေးအိမ်သာ၊ ရေစင်တို့ ပါရှိကြောင်း သိရသည်။

ထို ကင်းဆိပ်​ဈေးသစ်ကို ပုဂ္ဂလိက လုပ်ငန်းရှင်များက ဆောက်လုပ်ကာ ဆိုင်သည်များမှ ဆိုင်ခန်းတစ်ခန်းလျှင် ကျပ် (၁၈)သိန်းဖြင့် ဝယ်ယူရကြောင်း သိရသည်။

အဆိုပါ ကင်းဆိပ်ဈေးသစ်ကို မင်းပြားမြို့နယ် ကင်းဆိပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၃၂၅)၊ ဆိတ်ချောင်းကွင်း၊ ဦးပိုင်အမှတ် (၂၉/၄)၊ မြေဧရိယာ (၀.၄၇၉) ရှိ ဦးသာထွန်း (ဘ) ဦးမောင်စောဦး၏ လယ်မြေကို အခြားနည်း အသုံးပြုခွင့်လျှောက်ထားပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောက်လုပ်၍ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးအဖြစ်အပ်နှံကာ ဈေးမြေမှ ကောက်ခံရရှိငွေကို အဖွဲ့ရန်ပုံငွေစာရင်းသို့ ပေးသွင်းရမည်ဖြစ်၍ ကင်းဆိပ်ဈေးအဖြစ် တည်ဆောက်ခွင့်ပြုရန် အထောက်အထားများဖြင့် အဆင့်ဆင့် တင်ပြလာမှုအပေါ် (၂၅-၁-၂၀၁၆) ရက်က စာအမှတ်  ၁၄၄ /ဃ-၁/ ရခစ (၀၂၀)ဖြင့် ရခိုင်ပြည်အစိုးရအဖွဲ့ရုံး၊ စည်ပင်သာယာရေး ဝန်ကြီးဌာနမှ ခွင့်ပြုခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်။

မင်းပြား - သတင်း
25 . 03 . 2016

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger