မင်းပြား (April 12, 2016)
ရခိုင်ပြည် မင်းပြားမြို့ရှိ ကျိန်းတောင်ဇိဝှါဓာတ်တော်နှင့် ဘုရားဆင်းထုတော်များအား ရေသပ္ပာယ်နိုင်ရန် အတွက် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကို မင်းပြားမြို့နယ်ဓမ္မာရုံ၌ (၁၂-၄-၂၀၁၆) ရက်နေ့ ညနေ (၇)နာရီ အချိန်ခန့်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုနံ့သာသွေးပြိုင်ပွဲကို မင်းပြားမြို့ မှ လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Rainbow & ကျိန်းရပ်မြီကပန်းပျိုးလက် အဖွဲ့မှ (၇)ကြိမ်မြောက်အဖြစ် ဦးဆောင်ကျင်းပခြင်းဖြစ်ရာ ယခုနှစ်တွင် ရပ်ကွက်အလိုက် ရေလောင်းမဏ္ဍပ် (၉)ခုမှ အမျိုးသမီးများက ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
အဆိုပါ နံ့သာသွေးပြိုင်ပွဲတွင် မင်းပြားမြို့မှ လူငယ်များ တည်ထောင်ထားသည့် (ရက္ခရင်သွီး တီးဝိုင်း) R2 Music Band မှ တေးသီချင်းများ အကယိမ်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး မင်းပြားမြို့နယ် ယဉ်ကျေးမှုအဖွဲ့ တီးဝိုင်းမှလည်း တီးခတ်သီဆို ဖျော်ဖြေခဲ့ကြသည်ဟု သိရသည်။
ထိုနံ့သာသွေးပြိုင်ပွဲသည် ယခင်နှစ်များနှင့်မတူဘဲ တမူထူးခြားကာ ပွဲလာရောက်ကြည့်ရှုသူ အလွန်များပြားခဲ့ကြောင်း သိရသည်။
မင်းပြား - သတင်း
12 . 04 . 2016
0 comments:
Speak up your mind
Tell us what you're thinking... !