မင်းပြားမြို့ ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယပွဲတော် ကြော်ငြာ - မင်းပြား - သတင်း
Headlines News :
Home » » မင်းပြားမြို့ ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယပွဲတော် ကြော်ငြာ

မင်းပြားမြို့ ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယပွဲတော် ကြော်ငြာ

Written By Mong Bra's News on Monday, April 18, 2016 | 9:15 AM

မင်းပြား (April 18, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့၊ ကျိန်းတောင်ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယ ပွဲတော်ကို ၁၃၇၈ ခု၊ တန်ခူးလဆန်း (၁၃)ရက်နေ့မှ လပြည့်ကျော် (၂)ရက်အထိ၊ ၂၀၁၆ ခု၊ ဧပြီလ (၂၀)ရက်မှ (၂၄)ရက်အထိ (၅)ရက် (၅)ညတိုင်တိုင် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်အစနေ့ အာရုဏ်တက်အချိန်တွင် ကျိန်းတောင်ဇိဝှါဓာတ်တော်အား ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း၊ ပရိတ်တရားတော်များ ချီးမြှင့်ခြင်းနှင့် သံဃာ့ဒါန ဆွမ်းဆက်ကပ်လှူဒါန်းခြင်းတို့ကို ပြုလုပ်သွားမည်ဟု သိရသည်။

ညပွဲအဖြစ် "အောင်နန်း" ဇာတ်သဘင်မှ (၅)ညတိုင်တိုင် ဖျော်ဖြေတင်ဆက်သွားမည်ဟုလည်း သိရသည်။

ယခုနှစ် ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယ ပွဲတော်တွင် ရခိုင်ရိုးရာ ကျင်ပွဲကို မောင်းကြီးတန်း၊ မောင်းလတ်တန်း၊ မောင်းငယ်တန်းများ ခွဲခြားယှဉ်ပြိုင်ကာ ဆုများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည်ဖြစ်ပြီး အဆိုပါ ရခိုင်ရိုးရာကျင်ပွဲ ဖြစ်မြောက်အောင် နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်(ငြိမ်း)၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးစံရွှေအောင် (ဇနီး) ဒေါ်အေးအေးသန်း မိသားစုမှ လှူဒါန်းထားသည်ဟု သိရသည်။

၎င်းအပြင်​ ကျိန်းတောင်ဇိဝှါဓာတ်တော် ဘုရားရင်ပြင်၌ စကတ်ရှည်၊ စကတ်တို၊ ဘောင်းဘီတိုများ သရုပ်ပျက်ဝတ်ဆင်ပြီး ဘုရားဖူးမြော်ခြင်းကို ရှောင်ကြဉ်ကြပါရန် မင်းပြားမြို့ ယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့မှ ကြိုတင်အသိပေး နှိုးဆော်ထားကြောင်းလည်း သိရသည်။

ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယပွဲတော်သည် မင်းပြားမြို့နယ်၌ အလွန်ထင်ရှားပြီး နှစ်စဉ် သင်္ကြန်လွန်ပြီးနောက်တွင် ရခိုင်ရိုးရာကျင်ပွဲ၊ ဇာတ်ပွဲများဖြင့် အထူးစည်ကားစွာ ကျင်းပလေ့ရှိသည့် ပွဲတော်တစ်ခု ဖြစ်သည်။

မင်းပြား - သတင်း
18 . 04 . 2016

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger