စစ်ဘေးရှောင်ပြည်သူများအား မင်းပြားမြို့ အခြေစိုက် "ဇ" ဖောင်ဒေးရှင်းအဖွဲ့မှ သွားရောက်ကူညီထောက်ပံ့မည် - မင်းပြား - သတင်း
Headlines News :
Home » » စစ်ဘေးရှောင်ပြည်သူများအား မင်းပြားမြို့ အခြေစိုက် "ဇ" ဖောင်ဒေးရှင်းအဖွဲ့မှ သွားရောက်ကူညီထောက်ပံ့မည်

စစ်ဘေးရှောင်ပြည်သူများအား မင်းပြားမြို့ အခြေစိုက် "ဇ" ဖောင်ဒေးရှင်းအဖွဲ့မှ သွားရောက်ကူညီထောက်ပံ့မည်

Written By Mong Bra's News on Saturday, April 23, 2016 | 5:38 PM

မင်းပြား (April 24, 2016)

ယခုတလော မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ ရခိုင်ပြည်မြောက်ဖက်ပိုင်း နေရာအချို့တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျှက်ရှိသည်နှင့်အမျှ စစ်ဘေးရှောင်ပြည်သူ အရေအတွက်လည်း တစ်နေ့ထက်တစ်နေ့ ရာနှင့်ချီ၍ ပိုမိုများပြားလာကြောင်း သိရသည်။

အဆိုပါ စစ်ပွဲများဖြစ်ပွားရာဒေသများဖြစ်သည့် ရခိုင်ပြည် ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများယာယီခိုလှုံရာ ကျေးရွာများသို့ မင်းပြားမြို့ အခြေစိုက် "ဇ" ဖောင်ဒေးရှင်းအဖွဲ့မှ အစားအစာ ရိက္ခာများ သွားရောက်ကူညီ ထောက်ပံ့ပေးသွားမည်ဟု သိရသည်။

"ဇ" ဖောင်ဒေးရှင်းအဖွဲ့သည် ယခုနှစ် နှစ်စပိုင်းက ဖြစ်ပွားခဲ့သည့် ရမ်းချောင်းတိုက်ပွဲကြောင့် ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံရာ ကျေးရွာများသို့ အစားအစာရိက္ခာများ (၂)ကြိမ် သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြပြီး ယခု ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိ စစ်ဘေးရှောင် ပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်ရန် ၂၀၁၆ ခုနှစ် ဧပြီလ (၃၀)ရက်နေ့ စတင်ထွက်ခွါသွားမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ အလှူရှင်များအနေဖြင့် မင်းပြားမြို့ အခြေစိုက် "ဇ" ဖောင်ဒေးရှင်းအဖွဲ့မှ လူငယ်များနှင့် ပူးပေါင်းကာ စစ်ဘေးရှောင်ပြည်သူများအား အစားအစာ ရိက္ခာ အဝတ်အစားများ ထောက်ပံ့ကူညီလှူဒါန်းလိုပါက ကိုကောင်းမြတ်ကျော်-09250242287၊ ကိုမြတ်စိုးကျော်-09450541794၊ ကိုညီညီ-09250603388၊ ကိုညီညီအောင်-09975115115၊ ကိုမျိုးချစ်-09252659681၊ ကိုထွန်းသိန်းမောင်-09421740575 နှင့်​ ကိုစိုးမင်း-09421741009 တို့ထံ ဆက်သွယ်နိုင်ပါကြောင်း အသိပေးတိုက်တွန်း နှိုးဆော်အပ်ပါသည်။

မင်းပြား - သတင်း
24 . 04 . 2016

Photo: Kaung Myat Kyaw

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger