Mongbra Youth Association (ယာယီ) မှ ကျိန်းတောင်ပွဲ အမှိုက်များကို သိမ်းပေးမည် - မင်းပြား - သတင်း
Headlines News :
Home » » Mongbra Youth Association (ယာယီ) မှ ကျိန်းတောင်ပွဲ အမှိုက်များကို သိမ်းပေးမည်

Mongbra Youth Association (ယာယီ) မှ ကျိန်းတောင်ပွဲ အမှိုက်များကို သိမ်းပေးမည်

Written By Mong Bra's News on Saturday, April 23, 2016 | 10:56 PM

မင်းပြား (April 24, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့မှ လူငယ်များဖွဲ့စည်းလိုက်သည့် Mongbra Youth Association (ယာယီ) "မင်းပြား လူငယ်များ အဖွဲ့အစည်း" မှ ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယပွဲတော်အပြီး ကျန်ရစ်သော အမှိုက်များကို သိမ်းပေးမည်ဖြစ်ကြောင်း သိရသည်။

ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယ ပွဲတော်သည် (၂၄-၄-၂၀၁၆) ရက် ယနေ့ နောက်ဆုံးရက်ဖြစ်ပြီး အဆိုပါ Mongbra Youth Association (ယာယီ) မှ ကျိန်းတောင်ပွဲတော် အမှိုက်များကို (၂၅-၄-၂၀၁၆) တနင်္လာနေ့ နံနက် (၇)နာရီအချိန်တွင် စတင် အမှိုက်ကောက်သွားမည်​ ဖြစ်ကြောင်း သိရသည်။

" မင်းပြားမြို့က လူငယ်တွေ စည်းလုံးမှုအားနဲ့ မြို့အထင်ကရဖြစ်တဲ့ ဇိဝှါဓာတ်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အပြီး ကျန်ရစ်တဲ့ အမှိုက်သရိုက်တွေကို ကောက်ပြီး စနစ်တကျ စွန့်ပစ်ဖို့ စီစဉ်ထားပါတယ်။ ၂၅ ရက်နေ့ မနက်ဖြန် မနက် (၇)နာရီတိတိမှာ မြို့နယ်ဓမ္မာရုံက စထွက်ပြီး ကျိန်းတောင်ပေါ်သို့ တက်မယ်။ အဲဒီမှာ ကျန်ရစ်ခဲ့တဲ့ အမှိုက်တွေကိုကောက်မယ်။ ဒါကြောင့် မင်းပြားမြို့က လူငယ်တွေကို ကျွန်တော်တို့နဲ့ အတူ ပူးပေါင်းပါဝင်ပေးကြပါလို့ ပြောချင်ပါတယ်။" ဟု ဦးဆောင်ပါဝင်မည့်သူ တစ်ဦးဖြစ်သည့် ကိုငြိမ်းချမ်းကျော်ကပြောသည်။

Mongbra Youth Association (ယာယီ) ကို (၁၉-၄-၂၀၁၆) ရက်နေ့တွင်​ မြို့နယ်​ဓမ္မာရုံ၌ မင်းပြားမြို့မှ လူငယ် ၃၀ ခန့် တွေ့ဆုံဆွေးနွေးအပြီးတွင် မင်းပြားမြို့၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် တတ်နိုင်သလောက် လူငယ်များ ပူးပေါင်းပါဝင်နိုင်ရန် ရည်​ရွယ်​ချက်​ဖြင့်​ စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ပထမဆုံးလှုပ်ရှားမှုအဖြစ် ဒီရေလွှမ်းမိုးခံရပြီး ညွှန်နစ်​များဖုံးလွှမ်း ညစ်ပတ်နေသည့် မင်းပြားမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက်၊ ဘုရားတကာလမ်းရှိ မဟာပညာကျော် စာကြည့်တိုက် (E-Library) ကို (၂၃-၄-၂၀၁၆) ရက်နေ့က လူငယ် ၁၅ ဦးအားဖြင့် စတင်သန့်ရှင်းနိုင်ခဲ့ကြောင်း အဆိုပါ လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ကိုဇော်ထွန်း က ပြောသည်။

"မင်းပြား လူငယ်များအဖွဲ့အစည်း" Mongbra Youth Association (MBYA) (ယာယီ) ကို မကြာမီရက်ပိုင်းအတွင်း မင်းပြားမြို့ရှိ လူငယ်များအားလုံးပါဝင်သည့် ခိုင်မာသော လူငယ်အဖွဲ့အစည်းတစ်ခုအဖြစ် စနစ်တကျ ဖွဲ့စည်းသွားမည်ဟုလည်း သိရသည်။

မင်းပြား - သတင်း
24 . 04 . 2016

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger