မင်းပြားမြို့ ကျိန်းတောင်ဇိဝှါဓာတ်တော်အား ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ ထမင်းတစ်ထောင်၊ ရေချမ်းတစ်ထောင် ပူဇော်ပွဲ ပြုလုပ် - မင်းပြား - သတင်း
Headlines News :
Home » » မင်းပြားမြို့ ကျိန်းတောင်ဇိဝှါဓာတ်တော်အား ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ ထမင်းတစ်ထောင်၊ ရေချမ်းတစ်ထောင် ပူဇော်ပွဲ ပြုလုပ်

မင်းပြားမြို့ ကျိန်းတောင်ဇိဝှါဓာတ်တော်အား ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ ထမင်းတစ်ထောင်၊ ရေချမ်းတစ်ထောင် ပူဇော်ပွဲ ပြုလုပ်

Written By Mong Bra's News on Tuesday, April 19, 2016 | 6:45 PM

မင်းပြား (April 20, 2016)

မင်းပြားမြို့၊ ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယပွဲတော် အစနေ့ဖြစ်သည့် (၂၀-၄-၂၀၁၆) ယနေ့ နံနက်ပိုင်း အာရုံတက်အချိန်၌ ဇိဝှါဓာတ်တော်အား ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ ထမင်းတစ်ထောင်၊ ရေချမ်းတစ်ထောင် ကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ပြုလုပ်ရန် ယနေ့ အာရုဏ်တက်အချိန်တွင် မင်းပြားမြို့သူ/သားများက မြို့နယ်ဓမ္မာရုံမှ စ၍ထွက်ကာ မီးတုတ်များ ထွန်းညှိပြီး ရခိုင်စည်တော်များ တီးခတ်လျှက် ကျိန်းတောင်ဇိဝှါဓာတ်တော်သို့ စီတန်းလမ်းလျှောက်သွားခဲ့ကြသည်။

" ဟိုးအရင်ကတည်းက ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယ ပွဲတော်အစနေ့မှာ အခုလိုပဲ သင်ပုန်းဆွမ်းကပ်လှူပွဲ ပြုလုပ်လေ့ ရှိပါတယ်။ ကျွန်တော်တို့ ဦးစီးဦးဆောင်ပြီး မြို့လုံးကျွတ်  လုပ်တာကတော့ အခုနှစ်ဆိုရင် (၈)ကြိမ်မြောက် ရှိပါပြီ။ နှစ်စဉ် ကျိန်းတောင်ပွဲ မစမီ တစ်ရက်အလိုက ကျွန်တော်တို့ လူငယ်တွေနဲ့ မြို့ပေါ် ရပ်ကွက်အသီးသီးက ဖောင်းယောင်းတိုင်၊ ပန်း၊ ဆန်၊ အလှူငွေ စတာတွေကို စေတနာပေါက် ကောက်ခံပါတယ်။ ပြီးတော့ ပွဲတော်အစနေ့ အာရုဏ်တက်အချိန်မှာ မြို့နယ်ဓမ္မာရုံက စပြီးတော့ ကျိန်းတောင်ပေါ်သို့ တက်ရောက်ပြီး မြို့သူ/သားတွေက ဇိဝှါဓာတ်တော်အား ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ ထမင်းတစ်ထောင်၊ ရေချမ်းတစ်ထောင် ကပ်လှူပူဇော်ကြပါတယ်။" ဟု ဦးစီးဦးဆောင် ပြုလုပ်သူတစ်ဦးဖြစ်သော ကိုဦးကျော်နိုင် က ပြောသည်။

ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင် ဧပြီလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ ၅ ရက် ၅ ည တိုင်တိုင် ရခိုင်ရိုးရာ ကျင်ပွဲ၊ ဇာတ်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

မင်းပြား - သတင်း
20 . 04 . 2016

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger