Mongbra Youth Association (MBYA) "မင်းပြားလူငယ်များအဖွဲ့အစည်း" ကို အတည်ပြု ဖွဲ့စည်းမည် - မင်းပြား - သတင်း
Headlines News :
Home » » Mongbra Youth Association (MBYA) "မင်းပြားလူငယ်များအဖွဲ့အစည်း" ကို အတည်ပြု ဖွဲ့စည်းမည်

Mongbra Youth Association (MBYA) "မင်းပြားလူငယ်များအဖွဲ့အစည်း" ကို အတည်ပြု ဖွဲ့စည်းမည်

Written By Mong Bra's News on Tuesday, April 26, 2016 | 10:22 AM

မင်းပြား (April 26, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လူငယ်များ ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး Mongbra Youth Association (MBYA) "မင်းပြားလူငယ်များအဖွဲ့အစည်း" ကို အတည်ပြု ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရပါသည်။

မင်းပြားမြို့မှ တက်ကြွလူငယ် ၃၀ ခန့်ဖြင့် (၁၉-၄-၂၀၁၆) ရက်နေ့က Mongbra Youth Association (ယာယီ)ကို စတင်ဖွဲ့စည်းခဲ့ပြီး ယခု မင်းပြားမြို့မှ လူငယ်ထုများ အားလုံးပါဝင်နိုင်မည့် "မင်းပြားလူငယ်များအဖွဲ့အစည်း" ကို အခိုင်အမာ ဖွဲ့စည်းနိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို (၃၀-၄-၂၀၁၆)ရက်​​နေ့တွင်​ ပြုလုပ်သွားမည်ဟု သိရသည်။

သို့ဖြစ်ပါ၍ "မင်းပြားလူငယ်များအဖွဲ့အစည်း" Mongbra Youth Association (MBYA) ကို အတည်ပြု ဖွဲ့စည်းနိုင်ရန်အတွက် မင်းပြားမြို့မှ လူငယ်များ အားလုံးပါဝင် ဆွေးနွေးနိုင်မည့် အစည်းအဝေး တစ်ရပ်ကို (၃၀-၄-၂၀၁၆) လာမည့် စနေနေ့ နေ့လည် (၁၂)နာရီအချိန်တွင် မင်းပြားမြို့နယ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါ အစည်းအဝေးသို့ မင်းပြားမြို့မှ လူငယ်များ မည်သူမဆို တက်ရောက်နိုင်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

မင်းပြား - သတင်း
26 . 04 . 2016

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger