မင်းပြားမြို့၌ ဆရာတော် ဦးဥတ္တမရုပ်ထုတင်ပွဲ၊ ဦးဥတ္တမပန်းခြံ ဆိုင်းဘိုးတင်ပွဲနှင့် ပန်းခြံဖွင့်ပွဲ ပြုလုပ်မည် - မင်းပြား - သတင်း
Headlines News :
Home » » မင်းပြားမြို့၌ ဆရာတော် ဦးဥတ္တမရုပ်ထုတင်ပွဲ၊ ဦးဥတ္တမပန်းခြံ ဆိုင်းဘိုးတင်ပွဲနှင့် ပန်းခြံဖွင့်ပွဲ ပြုလုပ်မည်

မင်းပြားမြို့၌ ဆရာတော် ဦးဥတ္တမရုပ်ထုတင်ပွဲ၊ ဦးဥတ္တမပန်းခြံ ဆိုင်းဘိုးတင်ပွဲနှင့် ပန်းခြံဖွင့်ပွဲ ပြုလုပ်မည်

Written By Mong Bra's News on Monday, April 25, 2016 | 7:24 PM

မင်းပြား (April 25, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့၌ ဦးဥတ္တမရုပ်ထုတင်ပွဲ  ဦးဥတ္တမပန်းခြံ ဆိုင်းဘိုးတင်ပွဲနှင့် ပန်းခြံဖွင့်ပွဲ အခမ်းအနားကို (၂၉-၄-၂၀၁၆) ရက်နေ့ နေ့လည်ပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အဆိုပါ အခမ်းအနားအတွက် ဦးဥတ္တမကြေးသွန်းရုပ်ထုအား မြို့နယ်ဓမ္မာရုံမှ ပင့်ဆောင်ကာ မြို့ပတ်၍ အပူဇော်ခံပြီး ဦးဥတ္တမပန်းခြံအတွင်း၌ ပြုလုပ်ထားသည့် ကျောက်တိုင်ပေါ်၌ တင်ဆောင်အပူဇော်ခံသွားမည်ဟု ဦးဥတ္တမကြေးသွန်းရုပ်ထု ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ သီရိရတနာ ချောင်းရှည်ကျောင်းဆရာတော် ဘဒ္ဒန္တ သဇ္ဇန (မြို့နယ်သံဃနာယအဖွဲ့ ဥက္ကဋ္ဌ) က မိန့်ကြားသည်။

၎င်းနောက် ပန်းခြံ ဆိုင်းဘိုးတင်ပွဲနှင့် ပန်းခြံဖွင့်ပွဲအခမ်းအနားကို ဦးဥတ္တမပန်းခြံအတွင်း၌ ဆက်လက်ပြုလုပ်သွားမည်ဟု ဆရာတော် က ဆက်​လက်​မိန့်​ကြားပါသည်။

အဆိုပါ ပွဲတော်အခမ်းအနား အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအဖြစ် "ခိုင်" အဆင့်မြင့် ဇာတ်သဘင်ဖြင့် မင်းပြားမြို့၊ သံထောင်ကွင်း၌ (၂၉-၄-၂၀၁၆) မှ (၁-၅-၂၀၁၆) အထိ (၃)ညတိုင်တိုင် ဖြေဖျော်တင်ဆက် သွားမည်ဟုလည်း သိရသည်။

ယခု အပူဇော်ခံထားရှိမည့် အမြင့်(၇)ပေ၊ ကြေးပိဿာချိန် (၂၃၀) ရှိသည့် ဦးဥတ္တမ ကြေးသွန်းရုပ်ထုကို မင်းပြားမြို့ရှိ သံဃာတော်များမှ ဦးဆောင်ကာ အလှူရှင်များထည့်ဝင်မှုနှင့် မြောက်ဦးမြို့မှ ရခိုင့်လက်မှုကြေးသွန်းဆရာ ဦးကျော်သာညွန့် က (၂၀-၄-၂၀၁၅) ရက်နေ့က စတင်သွန်းလုပ်ခဲ့ပြီး မင်းပြားမြို့နယ် ဓမ္မာရုံအတွင်း အပူဇော်ခံထားရှိခဲ့သည်။

ယခု အဆိုပါရုပ်ထုထားရှိမည့် မြို့မတောင်ကျောင်းအနီးမှ ပန်းခြံသည် ၁၉၈၈ မတိုင်မီက မြို့မဘောလုံးကွင်းတစ်ခုဖြစ်​ခဲ့ပြီး ယင်းနောက်ပိုင်းတွင် "ဂန္ဓဝေ" ပန်းခြံအဖြစ် ပြောင်းလဲခဲ့သည်။

သို့ရာတွင် ယခု မင်းပြားမြို့ရှိ မြို့နယ်သံဃာတော် အရှင်သူမြတ်များ ဦးဆောင်ကြိုးစားမှုကြောင့် (၂၇-၁၁-၂၀၁၅) ရက်နေ့ ပြုလုပ်သည့် ရခိုင်ပြည်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၇/၂၀၁၅) ဆုံးဖြတ်ချက်အပိုဒ်(၄) အရ "ဦးဥတ္တပန်းခြံ" ဟု အမည်ပြောင်းလဲခွင့် ရရှိခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်။

မင်းပြား - သတင်း
26 - 4 - 2016

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger