ကျိန်းတောင်ဘုရားရင်ပြင်ရှိ အမှိုက်များကို Mongbra Youth Association (ယာယီ) မှ နိုင်သလောက် သန့်ရှင်းရေးပြုလုပ် - မင်းပြား - သတင်း
Headlines News :
Home » » ကျိန်းတောင်ဘုရားရင်ပြင်ရှိ အမှိုက်များကို Mongbra Youth Association (ယာယီ) မှ နိုင်သလောက် သန့်ရှင်းရေးပြုလုပ်

ကျိန်းတောင်ဘုရားရင်ပြင်ရှိ အမှိုက်များကို Mongbra Youth Association (ယာယီ) မှ နိုင်သလောက် သန့်ရှင်းရေးပြုလုပ်

Written By Mong Bra's News on Sunday, April 24, 2016 | 10:44 PM

မင်းပြား (April 25, 2016)

မင်းပြားမြို့ ကျိန်းတောင်ဇိဝှါဓာတ်တော် ဗုဒ္ဓပူဇနိယပွဲတော်အပြီး ကျန်ရစ်သော အမှိုက်များကို Mongbra Youth Association (ယာယီ)မှ လူငယ် (၆)ဦးက ယနေ့ (၂၅-၄-၂၀၁၆)နံနက်ပိုင်းက သန့်ရှင်းရေးလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လူငယ် (၆)ဦး အင်အားဖြင့် ကျိန်းတောင်ဘုရားရင်ပြင်နှင့် အနီးတဝိုက်ရှိ ပလပ်စတိတ်အိတ်နှင့် အခြားအမှိုက်များကိုသာ ရှင်းလင်းနိုင်ခဲ့ပြီး ကျန်သော နေရာများဖြစ်သည့် ဇောင်းတန်းအနီးတဝိုက်၊ ကုသိန္နာရုံ၊ ကျင်ကွင်းနှင့် ဇာတ်ကွင်းရှိ အမှိုက်များကို ရှင်းလင်းမှု မပြုလုပ်နိုင်ခဲ့ကြောင်း အမှိုက်ကောက် လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ကိုငြိမ်းချမ်းကျော် က ပြောသည်။

Mongbra Youth Association (MBYA) (ယာယီ)ကို မင်းပြားမြို့မှ လူငယ်များဖြင့် ဖွဲ့စည်းထားပြီး မင်းပြားမြို့၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တတ်နိုင်သလောက် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

မင်းပြား - သတင်း
25 . 04 . 2016

Photo: Nyein Chan Kyaw

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger