ရခိုင်ပြည်အတွင်း စစ်ပွဲများရပ်တန့်ပေးရန် မင်းပြားမြို့၌ ဆန္ဒဖော်ထုတ် - မင်းပြား - သတင်း
Headlines News :
Home » » ရခိုင်ပြည်အတွင်း စစ်ပွဲများရပ်တန့်ပေးရန် မင်းပြားမြို့၌ ဆန္ဒဖော်ထုတ်

ရခိုင်ပြည်အတွင်း စစ်ပွဲများရပ်တန့်ပေးရန် မင်းပြားမြို့၌ ဆန္ဒဖော်ထုတ်

Written By Mong Bra's News on Sunday, May 1, 2016 | 12:23 AM

မင်းပြား (May 01, 2016)

ရခိုင်ပြည်မြောက်ပိုင်းတွင် ယခုတလော မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ ဖြစ်ပွားနေသော စစ်ပွဲများကို ရပ်တန့်ပေးရန် မင်းပြားမြို့၌ ယနေ့ (၁-၅-၂၀၁၆) နေ့လည် (၁၂)နာရီခွဲ အချိန်ခန့်တွင် လူအင်အား (၁၅၀၀)ခန့်က ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ရာတွင် "မြန်မာ့တပ်မတော်မှ ရက္ခိုင့်တပ်မတော်အား အမြစ်ပြတ် ထိုးစစ်ဆင်နေမှုများ ရပ်တန့်ပေးပါ၊ ရက္ခိုင့်တပ်မတော်ကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး၍ နိုင်ငံရေးပြသနာကို နိုင်ငံရေး နည်းလမ်းဖြင့်သာ ဖြေရှင်းပါ၊ မတရားစွပ်စွဲ ဖမ်းဆီးထားသူများအား ချက်ချင်းလွှတ်၊ ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်၊ ရခိုင်ပြည်တွင် ငြိမ်းချမ်းရေးကို အလိုရှိသည်၊ ပြည်တွင်းစစ် ရပ်၊ အတင်းအဓမ္မ ပေါ်တာဆွဲမှုများ ရပ်၊ ပြည်သူများအား မတရား ညှဉ်းပန်းနှိပ်စက်မှုများ ရပ်၊ ရက္ခိုင့်တပ်မတော်နှင့် ရခိုပြည်သူများအား ခွဲခြားဆက်ဆံမှုများ ရပ်၊ တိုင်းရင်းသား အခွင့်အရေးဟူသည်မှာ အခွင့်ထူးမဟုတ်ပါ၊ ကျွန်ုပ်တို့၏ ရပိုင်ခွင့်များသာ ဖြစ်သည်" စသည့် ဆိုင်းဘိုး/ဗီနိုင်းများကို ကိုင်ဆောင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

၎င်းအပြင် "ရက္ခိုင့်တပ်မတော်အား မြန်မာ့တပ်မတော်မှ အမြစ်ပြတ် ထိုးစစ်ဆင် ခြေမှုန်းနေမှုများ ရပ်တန့်ပေးရေး - ဒို့အရေး၊ ရက္ခိုင့်တပ်မတော်အား ပြည်ထောင်စုအစိုးရမှ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး - ဒို့အရေး၊  နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရေး - ဒို့အရေး၊ သံသယဖြင့် ဖမ်းဆီးထားသူများအား ချက်ချင်းလွှတ်ပေးရေး - ဒို့အရေး၊ ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ရပ်တန့်ပေးရေး - ဒို့အရေး" စသည့် စာသားများကို သံပြိုင်ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

မင်းပြားမြို့၌ ပြည်တွင်းစစ်ပွဲများ ရပ်တန့်ပေးရေး ဆန္ဒဖော်ထုတ်ပွဲသည် ယနေ့ နေ့လည် (၁၂း၃၀) အချိန်ခန့်တွင် မြို့နယ်ဓမ္မာရုံမှ စထွက်ပြီး သတ်မှတ်လမ်းကြောင်းအတိုင်း ချီတက်လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကာ မွန်းလွဲ (၁း၃၀)ခန့်တွင် အဆုံးသတ်ခဲ့သည်။

မင်းပြား - သတင်း
01 . 05 . 2016

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger