မင်းပြား (May 02, 2016)
ရခိုင်ပြည်၊ မင်းပြားမြို့၌ ဦးဥတ္တမပန်းခြံဖွင့်ပွဲ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအဖြစ် အမျိုးသမီး လွန်ဆွဲပွဲကို (၃၀-၄-၂၀၁၆)မှ (၁-၅-၂၀၁၆)အထိ အဆိုပါပန်းခြံ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ထိုပွဲ၌ အမျိုးသမီး ပြိုင်ပွဲဝင်အသင်း ၁၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မင်းပြားမြို့နယ် ဒုံးသားကျေးရွာ အမျိုးသမီးအသင်းမှ ပထမ၊ အောင်သာယာရပ် အမျိုးသမီးအသင်းမှ ဒုတိယ၊ သက်ပုန်းကျေးရွာ အမျိုးသမီးအသင်းမှ တတိယ၊ ပြည်တော်လှရပ်ကွက် အမျိုးသမီးအသင်းနှင့် ငွေစန္ဒာဆန်စက်ကွင်း အမျိုးသမီးအသင်းတို့မှ ဇွဲဆု အသီးသီး ရရှိခဲ့ကြောင်း သိရသည်။
မင်းပြား - သတင်း
02 . 05 . 2016
0 comments:
Speak up your mind
Tell us what you're thinking... !