မင်းပြား (May 11, 2016)
မေလ ၁၁ ရက်နေ့ နေ့လည် ၁ နာရီကျော်အချိန့်က မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတွင် နန်းတော်ဝင် မန္တလေး-စစ်တွေကားနှင့် ဆိုင်ကယ်တစ်စီးတိုက်မိကာ ဆိုင်ကယ်စီးလာသူ ၃ ဦးသေဆုံးမှာ သေဆုံးသွားခဲ့ကြောင်း မင်းပြားရဲစခန်းမှသိရသည်။
အဆိုပါ ယာဉ်တိုက်မှုမှာ ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ်(၉၀/၃)တွင် စစ်တွေမှ မန္တလေးသို့ထွက်ခွာလာသည့် နန်းတော်ဝင် ခရီးသည်တင်ကားနှင့် CZI-125 အနက်ရောင်မော်တော်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကာ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသူ ၃ ဦးအနက် ၂ ဦးမှာပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန် ၁ ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ကာ ယာဉ်တိုက်မှုကြောင့် နန်းတော်ဝင်ကားမှာ လမ်းဘေးသို့ထိုးကျသွားခဲ့သော်လည်း ခရီးသည်များ တစ်စုံတစ်ရာထိခိုက်မှု မရှိခဲ့ကြောင်း မင်းပြားရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူများမှာ မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြပြီး မောင်လှိုင် (အသက်-၃၂ နှစ်)(ဘ)ဦးကျော်သိန်းစိန်၊ ဦးကျော်စိုး (အသက် ၂၂-နှစ်) (ဘ)ဦးဝင်းအောင် နှင့် ညီသန်းဌေး (အသက်-၂၀ နှစ်) (ဘ) ဦးအောင်ကျော်သိန်း တို့ဖြစ်ကြကာ နန်းတော်ဝင်ကားမှ ယာဉ်မောင်းဖြစ်သူ ဦးကျော်ကျော်ဦး (ခ) ကရင် (အသက် ၃၂-နှစ်) အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (ယာဉ်)ပ/၂၈ ပုဒ်မ ၃၀၄-(က) အရ မင်းပြားရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မင်းပြား - သတင်း
ဓာတ်ပုံ - မျိုးစောင့်ရခိုင်
Ref: Developmemt Media Group
https://m.facebook.com/story.php?story_fbid=637087903110291&substory_index=0&id=466648543487562
0 comments:
Speak up your mind
Tell us what you're thinking... !