May 2015 - မင်းပြား - သတင်း
Headlines News :

မခိုင်ခိုင်နန့် သငယ်ချင်းတစုက ရီအခက်အခဲ ဖြစ်နီရေ မင်းပြားမြို့သူ/သားတိ အတွက် ဖေသာ ကျပ် (၃) သိန်း လှူဒါန်း

Written By Mong Bra's News on Sunday, May 31, 2015 | 4:59 PM

မင်းပြား (ဇွန် ၁ ၊ ၂၀၁၅)

        ရခိုင်ပြည်၊ မင်းပြားမြို့မာ ဒေနှစ် နီရာသီ သောက်သုံးရီယှားပါးမှုကြောင့် ရီအခက်အခဲ ဖြစ်နီကတ်တေ မင်းပြားသူ/သားတိအတွက် ရန်ကုန်က မခိုင်ခိုင်နန့် သငယ်ချင်းတစုက ရီတင်ကား (၁၀) စီးစာ ဖေသာ ကျပ် (၃) သိန်းကို မင်းပြားမြို့၊ ကျိန်းရိပ်ကရုဏာ လူမှုကူညီရေးအဖွဲ့သို့ (၃၁-၅-၂၀၁၅) ရက်နိက ပီးအပ်လှူဒါန်းခရေလို့ သတင်းရဟိပါရေ။

         မင်းပြားမြို့မာ ရီအခက်အခဲဖြစ်နီရေအတွက် စာရီးဆရာ ဝေဟင်အောင် ဦးဆောင်မှုနန့် ရန်ကုန်က မခိုင်ခိုင်ရို့ သငယ်ချင်းတစုက စုပေါင်းပနာ  ရီကုသိုလ်ယူ အလှူဒါန ပြုလုပ်ခစွာဖြစ်ပြီးကေ နောက်ထပ်ရီအလှူရှင်တိကိုလေ့ ရီယှားပါးနီရေ မင်းပြားမြို့ကို အဓိကဦးစားပီး ရီလှူဒါန်းပီးဖို့ နှိုးဆော်တိုက်တွန်းထားရေလို့ စာရီးဆရာ ဝေဟင်အောင် က ပြောပါရေ။

        ယင်း ရီကုသိုလ် အလှူဖေသာ ကျပ် (၃) သိန်းကို အလှူရှင်တိကိုယ်စား မင်းပြားမြို့ခံ ကိုဦးကျော်ဌေးက ပီးအပ်ပြီးကေ မင်းပြားမြို့ ကျိန်းရိပ်ကရုဏာ လူမှုကူညီရေးအဖွဲ့ ဘဏ္ဍာရေးမှူး ဦးကျော်ဝင်း က လက်ခံရယူခရေလို့ သိရပါရေ။

       "ရီတင်ကား (၁) စီးကို ကားငှားခ၊ ဆီခအပါအဝင် ဖေသာ ကျပ် (၃) သောင်း ကုန်ကျရေအတွက် ရီတင်ကားတစီးကို ဖေသာ ကျပ် (၃) သောင်း လို့ သတ်မှတ်ထားစွာ ဖြစ်ပါရေ။ မင်းပြားမြို့နန့် ၁၀/၉ မိုင်လောက် ဝီးရေ ရီရဟိဖို့ နီရာတိကို လားပနာ ရီတင်လို့ မြို့ကို ဖြန့်ဝီပီးနီကတ်ရပါရေ" လို့ ကျိန်းရိပ်ကရုဏာ လူမှုကူညီရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောပါရေ။

        "ကျနော်ရို့ အဖွဲ့ရံဘုံဖေသာကို မသုံးဘဲ အဖွဲ့ဝင်တိဘားက စေတနာပေါက် ထည့်ဝင်ကတ်ပြီးကေ အခြားအလှူရှင်တိ ထည့်ဝင်ကတ်တေ အလှူဖေသာနန့် ပူးပေါင်းလို့ မင်းပြားမြို့ ရီအခက်အခဲကို တတ်နိုင်ရေအဆီ ကူညီပီးစွာပါ။ မေလ (၂၈) ရက်နိက စတင်လို့ ရီဖြန့်ဝီပီးစွာပါ။ မေလ (၃၀) ရက်နိထိ (၃)ရက်မာ ရီတင်ကား (၂၃) စီး ဖြန့်ဝီပီးနိုင်ခပြီးကေ မေလ (၃၁) ရက် တလင်းဂနီနိမာတော့ ရန်ကုန်က ရီအလှူရှင် မခိုင်ခိုင်နန့် သငယ်ချင်းတစု လှူဒါန်းရေ ရီကား (၁၀) စီးကို မင်းပြားမြို့မာ ဖြန့်ဝီ လှူဒါန်းပီးနိုင်ခပါရေ။ ရီလှူဒါန်းပီးရေ ရန်ကုန်က မခိုင်ခိုင်နန့် သငယ်ချင်းတစုကိုလေ့ မင်းပြားသူ/သားတိ ကိုယ်စား ကောင်းကောင်း ကျေးဇူးမှတ်တမ်းတင်ရှိပါရေလို့ " ကျိန်းရိပ်ကရုဏာ လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်း က ပြောပါရေ။

မင်းပြား - သတင်း
  1 - 6 - 2015

        

တန်းတူညီမျှ = Equal ...???

Written By Mong Bra's News on Saturday, May 30, 2015 | 11:03 PM

မင်းပြား (မေ ၃၁၊ ၂ဝ၁၅)

       ဗမာပြည်က မိတ္ထိလာ (မြောက်) ကန်ကို စက်ယန္တယား အစီး (၄၀၀) လောက်နန့် ပြန်လို့ တူးဖော် ဆောင်ရွက်ဖို့လတ်။

       ၂၀၁၅ ခုနှစ် မေလ ၂၄ ရက် တလင်းဂနီနိ ထုတ်ဝီရေ  မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၃ မာ ပါယင့်။

        ငရို့ မင်းပြားက #မင်းကန် ဝါ ....????

        မင်းကန်ကို မေလ ၂၈ ရက်နိက စလို့ ပြန်လို့တူးစွာ စက်ယန္တယား ၁ စီးတည်း ရပြီးကေ  ၄  ရက်တည်း အသုံးပြုခွင့်ရရေ။

      ကန်တူးဖို့ အစိုးရဘားက  ဖေသာထုတ်ပီးရေလား။ ...???

      ဟထား!!!

      မြို့က အလှူရှင် စေတနာရှင်တိ ဘားက စေတနာပေါက်ကောက်ပနာ မြီတူးခ ၁ နာရီကို ၁ သိန်းနန့် တူးနီကတ်ရရေလို့ ပြောသံကြားယင့်။

     

မင်ပြား - သတင်း
  30 - 5 - 2015

မင်းပြား ရီဒုက္ခ (သို့မဟုတ်) အလိုအပ်ဆုံးက ... ရီ

  မင်းပြား (မေ ၃၀၊ ၂၀၁၅)

         ရခိုင်ပြည်၊ မင်းပြားမြို့မာ ဒေနှစ် နီရာသီ သောက်/သုံးရီ ယှားပါးမှုကြောင့် မြို့သူ/သားတိ ရီ အခက်အခဲနန့် ရင်ဆိုင်နီကတ်ရပါရေ။

         မင်းပြားမြို့ထက်မာဟိရေ ရီကန်တိ အားလုံးနီးပါး ရီခမ်းခြောက်လားပါယာ။ မင်းပြားတမြို့လုံး သောက်ရီအတွက် အားကိုးနီရရေ "မင်းကန်" လေ့ ရီခမ်းခြောက်လားခရေ အတွက်နန့် မေလ (၂၈) ရက်နိကပင် စတင်လို့ ကန်ကို ပြန်လို့တူးနီပါယာ။

        သောက်/သုံးရီအတွက် မြို့နန့် ၁၀/၉ မိုင် ဝီးရေ ရွာတိက ရီကန်တိက ရီကို မီးသတ်ကား၊ ရီတင်ကား၊ ကား နည်းမျိုးစုံနန့် တင်ပနာ မြို့လူထု ရီရဟိဖို့ မီးသတ်တပ်ဖွဲ့နန့် စည်ပင်က ဦးဆောင်ပြီးကေ မြို့က ပရဟိတအဖွဲ့တိ၊ စေတနာရှင်တိက ဆောင်ရွက်ပီးနီကတ်ပါရေ။

        မင်းပြားမြို့ထက်မာ အဂုအချိန်ထိ သောက်ရီကန်ဆိုလို့ မြို့မတောင်ကျောင်း ရီကန် တခုတည်းမာရာ ရီစကေချေ ကျန်ပါယာ။ ဒေရီကန်က မြို့သူ/သားတိ သောက်ရီ ရဟိနိုင်ဖို့အတွက် နိစိုင် မိုးထ (၇) နာရီက (၈) နာရီထိ အချိန် အကန့်အသတ်နန့် ရီခပ်ခွင့် ပြုထားပါရေ။

        မင်းပြားသူ/သားတိ ရီအခက်အခဲကို တဖက်တလမ်းက အထောက်အကူဖြစ်နိုင်ဖို့အတွက် မြို့နယ်သံဃာတော်တိက စစ်တပ်ကို အကူအညီတောင်းပနာ  ကျိန်းတောင်ခြီရင်း ရွှေမင်းကန်ရပ်ကွက် အောင်မြေကုန်းဘုန်းကြီးကျောင်းဝင်းထဲမာ တည်ဟိရေ စစ်တပ်ရီလှောင်ကန်က အချိန်ကန့်သတ်ချက်နန့် သောက်/သုံးရီ ဖြန့်ဝီပီးနီရပါရေ။

        ဒေဂု မြင်ရရေ ပုံတိကို ကြည့်ရုံနန့် ၂၀၁၅ ခုနှစ် နီရာသီအချိန် မင်းပြားမြို့မာ သောက်ရီ/သုံးရီ အခက်အခဲ ဇာလောက်ထိ ဖြစ်နီကတ်တေဆိုစွာကို ခံစားသိနိုင်ပါလိမ့်မေ။

မင်းပြား - သတင်း
  30 - 5 - 2015

ဒေနှစ် နီရာသီ မင်းပြားမာ သောက်သုံးရီ အခက်အခဲဖြစ်

မင်းပြား (မေ ၂၂၊ ၂၀၁၅)

         ဒေနှစ် နီရာသီခါ ရခိုင်ပြည်၊ မင်းပြားမြို့မာ အယင်နှစ်တိကထက် ပိုလို့ သောက်သုံးရီ ယှားပါးမှုဒဏ်ကို ကြုံတွိနီရရေလို့ သိရပါရေ။

       "နီရာသီ သောက်သုံးရီ ယှားပါးမှုကြောင့် မီးဘေးအန္တရာယ်ဖြစ်လာခကေ အခက်အခဲဟိရေအပြင် မသန့်ယှင်းရေ ရီကို သောက်သုံးရမှု၊ ရီချိုးမှုတိကြောင့် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ရေ" လို့ မင်းပြားမြို့က ရီအခက်အခဲ ကြုံနီရေ မင်းပြားသားတယောက်က ဆိုပါရေ။

          မင်းပြားမာ နီရာသီ ရီကန်တိ ရီခမ်းခြောက်မှုကြောင့် မြို့သူ/သားတိစွာ ကောင်းကြီးအခက်အခဲ ဖြစ်နီကတ်တေလို့ သိရပါရေ။ မင်းပြားတမြို့လုံးဧ့ သောက်ရီအတွက် အားကိုးရရေ "မင်းကန်" လေ့ အလယ်ကောင်မာ ကျွန်းတိပေါ်ပနာ ကမ်းနားချေမာဟိရေ ရီက ကျုပ်နစ်ရည်ဖြစ်လို့ သောက်ဖို့တောင်မရယာလို့ သိရပါရေ။
ကျန်ရေ ရီကန်ကြီး/ရီကန်ချေတိမာလေ့ ရီခမ်းခြောက်ပနာ ကျောင်းသစ်ကန်၊ မြို့မတောင်ကျောင်းကန်၊ ဟင်္သာကန်ရို့မာတော့ ရီ စကေချေ ကျန်သိလို့ ယင်းကန်တိက သုံးနီရရေလို့ သိရပါရေ။

        ယင်း သုံးလို့ရနီသိရေ ကန်တိထဲမာ မြို့မတောင်ကျောင်းကန်နန့် ကျောင်းသစ်ကန် က ရီတိကို သောက်ရီအတွက် အသုံးပြုကတ်တေလို့ သိရပါရေ။ ယင်းပိုင် သောက်ရီအခက်အခဲကြောင့် တာရှည်အသုံးပြုနိုင်အောင်ဆိုပနာ ရီခတ်ချိန်ကို ကန့်သတ်ထားရေလို့ သိရပါရေ။ ကျောင်းသစ်ရီကန်က ရီကို မိုးထ (၆) နာရီက ညဇာ (၆) နာရီထိ ရီခပ်ခွင့်ပြုထားပြီးကေ မြို့မတောင်ကျောင်း ရီကန်က ရီကို အယင် မိုးထ (၇) နာရီက (၈) နာရီထိတချိန်၊ ညဇာ (၄) နာရီကပင် (၅) နာရီထိ တချိန်၊ ရီခပ်ဖို့ ခွင့်ပြုထားခပြီးကေ အဂုအခါမာတော့ မိုးထ (၇) နာရီက (၈) နာရီထိတချိန်တည်းရာ ရီခပ်ဖို့ ခွင့်ပြုရေလို့ သိရပါရေ။ ရီခတ်တေခါလေ့ ဆိုက္ကား၊ တိုးဂါရီတိနန့် ရီမခတ်ရဆိုပနာ ကန့်သတ်ထားရေလို့ သိရပါရေ။

          ဒေဂုပိုင် မင်းပြားမြို့ နီရာသီ ရီအခက်အခဲကို တတ်နိုင်သလောက် ကူညီဖြေယှင်းပီးနိုင်ဖို့ မြို့နယ်မီးသတ်တပ်ဖွဲ့နန့် စည်ပင်ကော်မတီရို့ ပူးပေါင်းပနာ မြို့လူထု သောက်သုံးရီရဟိနိုင်ဖို့ ဆောင်ရွက်ပီးနီကတ်တေလို့ သိရပါရေ။ အစခါတော့ မြို့နယ်မီးသတ်တပ်ဖွဲ့က ကိုယ့်အစီအစိုင်နန့် ရီဖြန့်ဝီပီးခစွာဖြစ်ပြီးကေ နောက်ပိုင်းမာ စည်ပင်ကော်မတီနန့် ပူးပေါင်းလို့ မြို့လူထု သောက်သုံးရီ ရဟိနိုင်ဖို့ ဆောင်ရွက်ခစွာဖြစ်တေလို့ သိရပါရေ။

       " မီးသတ်ကား (၃)စီး၊ စည်ပင်ရီတင်ကား (၁)စီး၊ စုစုပေါင်း ကား (၄)စီး နန့် ရီတင်ပနာ မြို့ထက်က ရပ်ကွက်တိကို အလှည့်ကျ ရီ အလကား ဖြန့်ဝီပီးနီပါရေ။ မီးသတ်ကားတိအတွက် ကုန်ကျရေ ဒယ်ဇယ်ဆီကို စည်ပင်ကော်မတီက ကျခံပီးပနာ မေလ (၉) ရက်နိကပင်စလို့ ရီ ဖြန့်ဝီပီးစွာပါ။ တရက်မာ ကား (၄) စီး သုံးပြီးကေ ပျမ်းမျှ ကားတစီးစွာ (၃) ခေါက်လောက် ရီတင်ဖြန့်ဝီပီးနိုင်ပါရေ။ အဂုအခါမာ ကားမောင်းဝန်ထမ်းတိနန့် မီးသတ်ဝန်ထမ်းတိက ကောင်းကြီး ပင်ပန်းနီကတ်ပါယာ။ သူရို့နီရာမာ လူအစားထိုးနိုင်ဖို့ စေတနာဟိရေ လူငယ်၊ လူလတ်တိ၊ ကားမောင်းဆရာတိ၊ အားကူ လိုအပ်နီပါရေ။ အလှူရှင်တိဟိလို့ ကျောက်တင်ကားတိပိုင် ကားတိရာ ရနိုင်ဖို့ဆိုပါကေ ယင်းကားတိမာ ရီပုံးကြီးတိတင်ပနာ ရီကိုတင်ဆောင် ဖြန့်ဝီပီးနိုင်ဖို့အတွက် စည်ပင်ကော်မတီက ကားအတွက် ဆီကို ကူညီပီးဖို့" လို့ မင်းပြားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဦးရွှေမောင် က ပြောပါရေ။

             "အစခါ ဂရင်ဂျိုင်အနားက ဆိတ်ဆုံကန်က ရီကို မီးသတ်ကားနန့် တင်ပနာ မြို့ထက်ရပ်ကွက်တိကို ရီဖြန့်ဝီပီးခစွာပါ။ ယင်းကန်မာလေ့ ရီမဟိယာ အတွက်နန့် ကျိန်းတောင်အနောက်ဖက် တောင်ပို့ကြီးရွာ၊ ပန်းပေါင်းစုံ သောက်ရီကန်ကြီးက ရီကို လားလို့တင်ပနာ မြို့ထက်ကရပ်ကွက်တိကို အလှည့်ကျ ဖြန့်ဝီပီးနီပါရေ" လို့ မြို့နယ်မီးတပ်ဖွဲ့က ဒုတပ်ကြပ် ယာဉ်မောင်း ကျော်ကျော်ဦး က ပြောပါရေ။

          ရီတိခမ်းခြောက်လားရေ ရီကန်တိ တချို့ကိုတော့ ကိုယ်ထူကိုယ်ထ အစီအစိုင်နန့် တူးနီကတ်တေလို့သိရပါရေ။ "ဒေပိုင် ရီကန်တိ ပြန်လို့ တူးဖော်မှုနန့် ပတ်သက်လို့ စည်ပင်ကော်မတီသို့ တင်ပြအကူအညီ တောင်းခံလာဖို့ဆိုပါကေ ပြင်ထိန်းငွေက သုံးစွဲကျခံနိုင်ရေ။ ယေဒါလေ့ ဒေနိထိ တခုကလေ့ မတင်ပြလာသိ ဖြစ်နီရေ။ တင်ပြလာကေတော့ တတ်နိုင်သလောက် မဖြစ်ဖြစ်အောင် ကူညီပီးဖို့ အဆင်သင့်ဟိရေ" လို့ မင်းပြားမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း က ဆိုပါရေ။

             သောက်သုံးရီ ယှားပါးမှုကို ပုဂ္ဂလိက အလှူရှင်တိအနီနန့် တတ်နိုင်သလောက် ကူညီနိုင်ရေလို့ သိရပါရေ။ "ဒေနိခါ ရီတင်ကား (၄) ခေါက်စာအတွက် လှူ​ဒါန်းခပါ​ရေ။ တခေါက်ကို ဒယ်ဇယ်ဆီ (၃) ဂါလံနှုန်း ထည့်ဝင် လှူဒါန်းပီးပါရေ။ ယပြီးကေ ပင်ပင်ပန်းပန်း ကြိုးစား ကူညီပီးနီကတ်တေ မီးသတ်ဝန်ထမ်းတိကို စားစရာတိပါပီးခပါရေ။ နောက်နိခါလေ့ ရီတင်ကား (၄) ခေါက်စာ လှူပါဖို့သိ" လို့ ဒေနိ ရီလှူခရေ အလယ်ပိုင်း၊ ကျောင်းတက်လမ်းက ဆန်စက်ပိုင်ရှင်၊ ရွှေပြည်တန်ကိုယ်စားလှယ် ဦးစံလှမောင်က ဆိုပါရေ။ စေတနာရှင်တိ အနီနန့် တယောက်တည်းဖြစ်စီ၊ စုပေါင်းလို့ဖြစ်စီ ကိုယ်ရို့ တတ်နိုင်ရေဖက်က ရီအလှူလုပ်ချင်ပါကေ မြို့နယ်မီးသတ်တပ်ဖွဲ့နန့် စည်ပင်ကော်မတီရို့ကို ဆက်သွယ်ပနာ လှူဒါန်းနိုင်ပါရေလို့ သိရပါရေ။

           ဒေဂုပိုင် နီရာသီ မင်းပြားမာ ရီယှားပါးမှုကို မိုးမကျသရွိ ဇာပိုင် ဖြီယှင်းကတ်ဖို့လေး ဆိုစွာနန့် နောက် လာဖို့နှစ်တိမာ ဒေနှစ်ပိုင် ရီအခက်အခဲ မကြုံရအောင် ကြိုတင်ဆောင်ရွက်ဖို့ မင်းပြားမြို့သူ/သား အားလုံးမာ တာဝန်ဟိရေအတွက် ကြိုတင်စိုင်းစားထားဖို့ လိုအပ်ပါရေ။

       "ဒေနှစ်ခါ နီရာသီ သောက်သုံးရီ ယှားပါးမှုဖြစ်ရရေ အကြောင်းရင်းတိစွာ ကုန်ခရေ မိုးရာသီက ခါတိုင်းနှစ်တိပိုင် မိုးရီချိန်လက်မ အပြည့်မရွာခြင်း၊ ဒေနှစ်ခါ နီရာသီ နီမိုးမရွာခြင်း၊ လူဦးရွီတိုးလာခြင်း၊  သက်ဆိုင်ရေ တာဝန်ဟိလူကြီးတိက မြို့လူထု သောက်သုံးရီ အတွက် နီရာသီ အခက်အခဲမကြုံရအောင် ကြိုတင်ပြင်ဆင်မှု မဟိခြင်း  စရေ အကြောင်းတိကြောင့် ဖြစ်နိုင်ရေ" လို့ မြို့လူကြီးတချို့ပြောစကားအရ သိရပါရေ။

မင်းပြား-သတင်း
22 - 5 - 2015

       

နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်က မင်ပြားမြို့ မြို့မိ/မြို့ဖတိနန့်တွိဆုံ

   မင်းပြား (မေ ၂၀၊ ၂၀၁၅)
       
        ရခိုင်ပြည်၊ မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက် မီးဘေးဒုက္ခသည်တိအတွက် အထောက်အပံ့ ပစ္စည်းတိနန့် ဖေသာတိ ထောက်ပံ့ပီးဖို့လာရေ နယ်စပ်ရေးရာဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်နန့် အဖွဲ့စွာ ဦးစိုးတင့်ရပ်ကွက် မီးဘေးဒုက္ခသည်တိကို အထောက်အပံ့ ပစ္စည်းတိနန့် ဖေသာတိ ထောက်ပံ့ပီးပြီးကေ (၂၀-၅-၂၀၁၅) ရက်နိ နိခင်းဖက် (၁း၄၀) နာရီ အချိန်လောက်မာ မင်ပြားမြို့ မြို့မိ/မြို့ဖ၊ မြို့သူ/မြို့သားတိနန့် "ရာမောင်ခန်းမ" မာ တွိဆုံပွဲ လုပ်ခရေလို့ သတင်းရဟိပါရေ။

          အခမ်းအနား အစီအစိုင်အရ အခမ်းအနားစတင်ဖွင့်လှစ်ပြီးကေ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်နန့် တိုင်းရင်းသားရေးရာ အဖွဲ့ခေါင်းဆောင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းဧ့ ဇနီး ဒေါ်မြင့်မြင့်စိုးက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နန့် မိခင်နန့်အချေ စောင့်ရှောက်ရေးအဖွဲ့ကို အလှူဖေသာတိ ပီးအပ်ခပါရေ။

           ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်က အဖွင့်အမှာစကားပြောကြားပြီးကေ မြို့နယ်က တာဝန်ဟိလူကြီးတိက "မြောင်းကြီးဆည်" အခြီအနီနန့် မြို့ ရီပီးဝီရေး လုပ်ငန်းတိကို Power Point နန့် ယှင်းလင်း တင်ပြခကတ်ပါရေ။

            "မြောင်းကြီးဆည်" စွာ မင်းပြားမြို့နယ် ငစရိုင်းချောင်းကျွန်းမာ တည်ဟိပြီးကေ ယင်းဆည်ကို အကောင်အထည် ဖော်ဖြစ်ဖို့ဆိုပါကေ ယင်းဆည်အနားက ရွာ (၃)ရွာ အပြင် မင်ပြားတမြို့လုံးကို ရီ ဖြန့်ဝီပီးလားနိုင်ဖို့ ဖြစ်တေလို့ သိရပါရေ။ လက်ဟိ မင်းပြားမြို့ လူဦးရွီနန့် ဆည်က ရဟိနိုင်ဖို့ ရီဂါလံကို တွက်ချက်မှုအရ နှစ်စိုင် နိုဝင်ဘာလက မေလအထိ (၇) လ ပီးနိုင်ဖို့ဖြစ်ပြီးကေ တရက်မာ လူတယောက်စီ ရီဂါလံ (၂၀) အသုံးပြုနိုင်ဖို့လို့ မြို့နယ် ဆည်မြောင်းဦးဌာနက တင်ပြချက်အရ သိရပါရေ။

         ယင်းနောက် မင်းပြားမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်တယောက်ဖြစ်တေ ဦးသခင်ချိုက မင်းပြားမြို့မာ လိုအပ်နီရေ ရီပီးဝီရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စတိကို မြို့မိ/မြို့ဖကိုယ်စား တင်ပြခရေလို့ သိရပါရေ။

        ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်က မင်းပြားမြို့မာ ရီအရင်းအမြစ်ကို မြောင်းကြီးဆည်က မဟုတ်ဘဲ အခြားရဟိနိုင်ဖို့ နီရာတိ၊ နည်းလမ်းတိဟိခကေ တင်ပြစီဖို့ ခွင့်ပြုချက်အရ ဦးလှမောင်သာက မင်းပြားမြို့နယ်၊ ဇိုင်ချောင်းက ရီရဟိနိုင်ဖို့ အနီအထားကိုတင်ပြခရေလို့ သိရပါရေ။

         ဒေပိုင် တင်ပြချက်တိအရ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်က မင်းပြားမာ နောင်အနာဂတ်အတွက် ရီမယှားပါးရအောင် ရီအရင်းအမြစ်ရဟိနိုင်ရေ အကောင်းဆုံး နီရာကို ရွီးချယ်ပနာ ရီပီးဝီရေး အဆင်ပြေနိုင်အောင် ကုန်ကျမှုတန်ဖိုးကို တွက်ချက် တင်ပြ တောင်းဆိုပနာ ဖြစ်အောင်လုပ်ပီးဖို့လို့ ပြောကြားခရေလို့ သိရပါရေ။

         ယင်းနောက် မြို့သူ/သား တယောက်က မင်းပြားမြို့ မီးဘေးအန္တရာယ်နန့် မင်းပြားမြို့တွင်းထဲ လောင်စာဆီ သိုလှောင် ရောင်းချမှုကို တင်ပြခရေအတွက် ယင်း ဆီကိစ္စကို မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကော်မတီ (၃) ရပ် နန့် သက်ဆိုင်ရေဌာန တာဝန်ဟိ လူကြီးတိ ညှိနှိုင်းပြီးကေ ဖြေယှင်း ဆောင်ရွက်ပီးဖို့  နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်က လမ်းညွှန်မှာကြားခရေလို့ သိရပါရေ။

         တွိဆုံပွဲကို ညဇာဖက် (၃) နာရီ အချိန်လောက်မာ အောက်မြင်စွာ ရုပ်သိမ်းပြီးနိုင်ခပြီးကေ အမြဲတမ်းအတွင်းဝန် ဦးစံရွှေအောင်က တက်ရောက်လာကတ်တေ မြို့သူ/မြို့သားတိ၊ မင်းပြားမာ ဒေနှစ်စတင်လို့ တက်ရောက်ဖို့ဖြစ်တေ နတလ ကျောင်းသား/သူတိ၊ မိဖတိကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခရေလို့ သတင်းရဟိပါရေ။

မင်းပြား-သတင်း
21 - 5 - 2015

မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက် မီးလောင်မှုဖြစ်

         မင်းပြား ( မေ ၁၆၊ ၂၀၁၅)

            ရခိုင်ပြည်၊ မင်းပြားမြို့၊ အလယ်ပိုင်း၊ ဦးစိုးတင့်ရပ်ကွက်မာ (၁၅-၅-၂၀၁၅) ညည့် (၀၁း၃၀) နာရီ အချိန် လောက်မာ မီးကြီးလောင်မှု တခု ဖြစ်ခပါရေ။

           (မြို့မဈီးကြီးအနား) ဦးစိုးတင့်တန်းထားကြီး ခြီရင်းက ဆန်စက်တန်းက စတင်လို့ မီးလောင်ကျွမ်းစွာဖြစ်ပြီးကေ ဦးစိုးတင့်တန်းထား တောင်ဖက် ဆန်စက်ကွင်းတခုလုံးအပြင် တန်းထား လက်ဝဲ လက်ယာ အိမ်တန်းတိနန့် သစ်စက်ရုံတိပါ မီးကူးစက် လောင်ကျွမ်းခြင်း ခံရပါရေ။

            မီးသတ်ကား ၂ စီးက မီးစလောင်လောင်ချင်း အချိန်မီ ရောက်လာပါကေလေ့ တန်းထားကို ကားမကျော်နိုင်ရေအတွက် မီးသတ်ရစွာ အခက်အခဲတိ ဟိခပါရေ။

            မီးသတ်တပ်ဖွဲ့အပါအဝင်  မြို့သူ၊ မြို့သားတိက ဝိုင်းဝန်းကြိုးစား မီးသတ်မှုကြောင့် ညည့် (၀၃း၀၀) နာရီ အချိန်လောက်မာ မီးကို နောက်ထပ် ကူးစက် မလောင်ကျွမ်းရအောင် တားဆီးနိုင်ခပါရေ။

           မင်းပြားမာ နှစ်စိုင် နီရာသီဆိုကေ ကြုံတွိရမြဲဖြစ်တေ ရီ ယှားပါးမှုနန့် မီးလောင်မှု အန္တရာယ်က မင်းပြားမြို့သူ၊ မြို့သားတိဧ့ အသက်အိုးအိမ်စည်းစိမ်တိကို နှစ်စိုင်လိုလို ဒုက္ခပီးနီပါရေ။
          
          မီးလောင်စွာကို အချိန်မီသိခလို့ မီးသတ်ကားတိ အချိန်မီ ရောက်လာပါကေလေ့ ဦးစိုးတင့်ရပ်ကွက်ကို ကားကျော်ဝင်နိုင်ဖို့ ခံနိုင်ရေ တန်းထားက ဆောက်လုပ်တုန်း ဖြစ်တေအတွက် ဦးစိုးတင့်တန်းထား တောင်ဖက် ဦးစိန်မင်း ဆန်စက်ကပင် တောင်ဖက်တဆုံး ဆန်စက်တန်းကွင်းထဲက ဆန်စက်၊ သစ်စက်၊ အိမ်တန်းတိ၊ ဦးစိုးတင့်တန်းထားကြီးခြီရင်း မြောက်ဖက်က ဦးစိန်မင်း ဆီစက်တန်းက အလယ်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသာစိန်ထွန်းအိမ်တန်းထိ၊ ဦးမဲနိုင်သစ်စက်တိပါ မီးလောင်ကျွမ်းခြင်း ခံလားရစွာ ဖြစ်ပါရေ။

          ဒေမီးလောင်မှုကြောင့် ဆန်စက်ရုံ (၉)လုံး၊ ဆိုင်ခန်း (၉)ခန်း၊ သစ်စက်ရုံ (၂)လုံး၊ ဆီစက်ရုံ (၁)လုံး၊ အိမ် (၁၈)ဆောင်ပျက်စီးဆုံးရှုံးလားပြီးကေ ဆုံးရှုံးမှုတန်ဖိုးက ခန့်မှန်း ဖေသာ ကျပ်သိန်း (၁၅၁၆.၅) ဖြစ်တေလို့ သိရပါရေ။

        မီးလောင်မှုကြောင့် အိမ်ထောင်စု (၂၀) စု မာပါရေ အသက် (၁၂) နှစ်အထက် ကျား (၂၆) ယောက်၊ မ (၃၄)ယောက်၊ အသက် (၁၂)နှစ်အောက် ကျား (၁၀)ယောက်၊ မ (၆)ယောက်၊ စုစုပေါင်း လူ (၇၆)ယောက်စွာ အိုးမဲ့အိမ်မဲ့ဖြစ်ခရရေလို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ရေစာရင်းအရ သိရပါရေ။

မင်းပြား-သတင်း
   16-5-2015

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger