June 2015 - မင်းပြား - သတင်း
Headlines News :

အစာအဆိပ်အတောက်ဖြစ်လို့ မိသားစု(၅)ယောက်စလုံး ဆီးရုံတင်ရ၊ (၂)ယောက် သီဆုံး။

Written By Mong Bra's News on Monday, June 29, 2015 | 7:24 AM

မင်းပြား (ဇွန် ၂၉၊ ၂၀၁၅)

        ရခိုင်ပြည်၊ မင်းပြားမြို့မာ အစာအဆိပ်အတောက်ဖြစ်လို့ မိသားစု(၅)ယောက်စလုံး ဆီးရုံတက်ရပနာ (၂)ယောက် သီဆုံးလခရေလို့ သတင်းရဟိပါရေ။

         ယင်း အစာအဆိပ်သင့်ဖြစ်ခရေ (၅) ယောက်စွာ မင်းပြားမြို့နယ်၊ တောင်ပို့ကြီးအုပ်စု၊ (ငပယင့်) ငပြီအင်းရွာက ဦးမောင်ကျော်မင်း  (၅၁-နှစ်)၊ ဒေါ်အိမ်သာနု        (၄၄-နှစ်) နန့် သူရို့ သားသမီးတိဖြစ်တေ မောင်ကျော်ခင်ဦး (၁၃-နှစ်) (၇-တန်း)၊ မခိုင်ဖြူချေ (၉-နှစ်) (၃-တန်း)၊
မမေချေ (၇-နှစ်) (ဝ-တန်း) ရို့ဖြစ်တေလို့ သိရပါရေ။

          "(၂၆-၆-၂၀၁၅) သောက်ကြာနိ ကျိန်းတောင်တန်းက ရှာလို့ရလာရေ ဂရင်မှို၊ တောင်ပုတ်မှိုရောက်မ၊ ရီကြိုင်မှိုတိအပါအဝင် ကဏန်း၊ သဗြုသီး၊ အနောက်ငါး စရေ အစာတိကို ယင်းနိ ညဇာဖက်ထမင်းနန့် သူရို့ မိသားစု (၅)ယောက်စလုံး စားခကတ်ပါရေ။ စနီနိ တရက်လုံးတခုလေ့ မဖြစ်ခပါ။ စနီနိညည့်ခါဖက်ကစလို့ သမီး မခိုင်ဖြူချေ စလို့အန်ပါရေ။ နောက် ဆက်တိုက် သမီး မမေချေက အန်ပနာ သတိမရရေအတွက်နန့် ရွာက ကျန်းမာရေးဆရာမက အရေးပေါ် ဆီးသွင်းပနာ ညည့်ချင်း ဆီးရုံတက်ဖို့ခိုင်းလို့ (၂၈-၆-၂၀၁၅) တလင်းဂနီနိ မိုးလင်းအာရုံ (၅း၃၅) နာရီအချိန်​မာ မင်းပြားမြို့၊ ပြည်သူ့ဆီးရုံမာ ဆီးကုသမှုခံခပါရေ။
           ရွာမာ ကျန်ခရေ ကျန်မိသားစု (၄)ယောက်လေ့ အန်ပနာ သတိမရ ဖြစ်ဖို့လိုက်လာလို့ ချက်ချင်း ဆီးရုံသို့ ယူဆောင်ပနာ ယင်းနိ (တလင်းဂနီနိ) မိုးထ (၇း၃၀) အချိန်မာ အတွင်းလူနာအဖြစ် ဆီးကုသမှု ခံယူခကတ်ပါရေ။ ဆီးရုံက ဆရာဝန်တိက ဆီးကုသမှုလုပ်ပီးခကေလေ့ အစာအဆိပ်တိက ခန္ဓာကိုယ်တလုံးကို ပြန့်လားခလို့ (၉-နှစ်) သမီး မခိုင်ဖြူချေစွာ ယင်းနိ(တလင်းဂနီနိ)ပင် မင်းပြားမြို့၊ ပြည်သူ့ဆီးရုံကြီးမာ ဆီးကုသမှုခံယင်း သီဆုံးလခပါရေ။ ယင်းအတွက်နန့် သူ့ကို ယင်းနိ ညဇာဖက်သား ချက်ချင်း မင်းပြားသင်္ချိုင်းမာ သင်္ဂြိုလ် လိုက်ရပါရေ။
          (၇-နှစ်) သမီးချေ မမေချေ လေ့သင့် ဆီးရုံမာ ဆီးကုသမှုခံနီယင်း ယင်းနိ ညည့်ခါဖက် (၈း၀၀) နာရီအချိန် သီဆုံးလခပါရေ။ သူ့ကိုတော့ (၂၈-၆-၂၀၁၅) တလင်းလာနိ၊ နိခင်းဖက် (၁) နာရီမာ မင်းပြား သင်္ချိုင်းမာ သင်္ဂြိုလ်ခီရပါရေ။ နာရေးကိစ္စကိုတော့ မိသားစု၊ အမျိုးတိနန့်တတူ မင်းပြားမြို့၊ နာရေးကူညီမှုဖောင်ဒေးရှန်းက ကူညီဆောင်ရွက်ပီးပါရေ။
            ကျန်လိုက်တေ အမိအဖနန့် သူရို့အကို ရို့ကတော့ အဂုအချိန်မာ သတိရလို့ စကေချေ မြန်းနီကတ်ပါယာ။" လို့ ဒေမိသားစု ကျန်းမာရေးကိစ္စကို တာဝန်ခံ ဆောင်ရွက်ပီးနီရေ၊ သူရို့အမျိုး ဒေါ်စံဝင်းခိုင်က စိတ်မကောင်းစွာနန့် ပြောပြပါ​ရေ။

           "အစာအဆိပ်အတောက်ဖြစ်စွာကို အချိန်မီကုသနိုင်ခကေ အသက်ရှင်ပါရေ။ ယှင်းယှင်းပြောရကေ သီစရာအကြောင်း မဟိ။ ဆီးရုံကို ရောက်လာခါက (၃)ရက်လောက် ဟိနီယာ။ မှိုမာပါရေ အဆိပ်အတောက်တိက အားလုံး ပြန့်လခရေ။ ဆရာကြီးရို့က အတတ်နိုင်ဆုံး ဆီးကုသပီးခကေလေ့ သမီးချေ (၂)ယောက်ကို မကယ်နိုင်ခ။ ကျန်ရေ (၃)ယောက်ကတော့ ခံနိုင်ရည်ဟိနီလို့ သူရို့အသက်ကို ကယ်တင်နိုင်ခရေ။ ယင်းချင့်တောင် သူရို့ကို ရွာက ကျန်းမာရေးဆရာမ ဆီးရုံတက်ဖို့ အားဓမ္ဓလွှတ်လို့ ရောက်လာစွာ။
           အဂုအချိန်မာတော့ အသက်ရှင် ကျန်လိုက်တေ (၃)ယောက်ကတော့ ကျန်းမာရေးကောင်းရေ အနီအထားကိုရောက်နီယာလို့ အကြမ်းဖျင်း ပြောလို့ရရေ။ လူနာတိ မိသားစုဆန္ဒအရ (၃၀-၆-၂၀၁၅)  နက်ဖြန် အင်္ဂါနိ မိုးထစောစောခါ ယင်းလူနာ (၃)ယောက်ကို စစ်တွေ ဆီးရုံကြီးသို့ လွှဲပြောင်းပီးဖို့ လုပ်ထားရေ။" လို့ မင်းပြားမြို့နယ်၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ လှထွန်းဇော်က ပြောပါရေ။

မင်းပြား - သတင်း
  29 - 6 - 2015

မင်းပြားမြို့၊ လေးမြို့မြစ်ကမ်းထောင်းပြိုကျ၊ အိမ်(၂)ဆောင် မြစ်ထဲပြိုဆင်း

Written By Mong Bra's News on Saturday, June 27, 2015 | 3:18 AM

မင်းပြား (ဇွန် ၂၇၊ ၂၀၁၅)

         လွန်ခရေ အပတ်ကပင်စလို့ နိတိုင်းဆက်ပနာ မိုးအားကြီးရွာချရေအတွက်နန့် လေးမြို့မြစ် ရီကြီးပနာ အညာရီတိုက်စားမှုကြောင့် မြစ်ကမ်းပြိုစွာမာ မင်းပြားမြို့က အိမ်(၂)ဆောင် မြစ်ထဲသို့ ပြိုဆင်းလခရေလို့ သိရပါရေ။

         ယင်း အိမ် (၂)ဆောင်စွာ (၂၇-၆-၂၀၁၅) ဒေနိ မိုးထဖက် အချိန်လောက်က မြစ်ကမ်းထောင်းပဲ့ပနာ ပြိုဆင်းလားစွာဖြစ်ပြီးကေ အောက်ရွာပိုင်း၊ ပြည်တော်အေးရပ်ကွက် (ရွှေပြည်တန် - သင်းဖော ဆိပ်ကမ်းအနား) က ဦးခင်ဇော်ဝင်းနန့် ဦးမောင်လှကျော်ရို့ နီအိမ်တိ ဖြစ်တေလို့ သိရပါရေ။

         မိုးထစောစော တအီးအီးနန့်  ကမ်းထောင်းပြိုကျစွာဖြစ်လို့ အချိန်မီ လူသိလိုက်တေအတွက် အိမ်ထောင်ပစ္စည်းတိကို လုံခြုံဖို့နီအိမ်သို့ ပြောင်းပနာ နီအိမ်ဧ့ အစိတ်အပိုင်း တချို့တဝက်ကို ဖြိုဖျက် ယူဆောင်ခွင့်ရခပြီးကေ အိမ်အစိတ်အပိုင်း တချို့တော့ မြစ်ကမ်းထဲသို့ ပြိုဆင်းလခရေလို့ သိရပါရေ။

           ဒေဂု မြစ်ထဲပြိုဆင်းလခရေ အိမ်(၂)ဆောင်နန့် ကပ်လို့ တည်ဆောက်ထားရေ ဦးအောင်ကျားထွန်း သစ်စက်လေ့ မြစ်ထဲပြိုကျနိုင်လို့ သစ်စက်ကို ချက်ချင်း ဖြိုဖျက်လိုက်ရရေလို့ သိရပါရေ။

          ဒေဂု လက်ဟိမာတော့ မင်းပြားမြို့ မြစ်ကမ်းထောင်းပြိုကျမှု အန္တရာယ်ကို ကာကွယ်ဖို့အတွက် ဘိုးပိုင် အခြီပြု မြစ်ကမ်းထိန်းထရံ အရှည် ပေ (၃၀၀) တည်ဆောက်မှုလုပ်ငန်းကို ဝင်းကမ္ဘာ ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က ဖေသာ ကျပ်သန်း (၂၀၀) နန့် ဆောင်ရွက်နီရေလို့ သိရပါရေ။

        " မင်းပြားမြို့၊ မြစ်ကမ်းထောင်းပြိုကျမှုကို ကာကွယ်ဖို့ အစိုးရက နည်းမျိုးစုံနန့် လုပ်ခပါယာ။ ယေကေလေ့ ကမ်းပြိုကျမှုကို ဒေနိထိ မတားဆီးနိုင်ပါသိ။ အစိုးရကလေ့ ဒေလောက် တားမရ၊ ဆီးမရအောင် ပြိုကျနီရေ မြစ်ကမ်းထောင်းကို တားဆီးလို့ ရနိုင်ဖို့ အာမခံချက်ဟိရေ နည်းလမ်းတိနန့် ဆောင်ရွက်ပီးဖို့ လိုအပ်ပါရေ။ တာဝန်ယူဆောင်ရွက်ခွင့်ရရေ ကုမ္ပဏီတိက မြစ်ကမ်းထောင်းပြိုကျမှုကို ကာကွယ်ဖို့ ကမ်းထိန်းထရံကို ဇာနှစ်နှစ်အာမခံရေ။ အာမခံရေနှစ်မစိခင် ပြိုဆင်းကေ ပြန်လုပ်ပီးဖို့ဆိုရေ အာမခံချက်မျိုး ပီးဖို့လိုအပ်တေ။ ယင်းပိုင် အာမခံချက်တိကို မြို့သူ/သားတိ သိသာအောင်လေ့ ချပြပနာ လုပ်ဆောင်သင့်ရေ " လို့ မင်းပြားမြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း က ဆိုပါရေ။

         "ထိုးမာ တောဖျား၊ တောင်ဖျားကပင် အဟိန်နန့် စီးဆင်းလာရေ တောင်ကျ အညာရီကို ဇာကမ်းထိန်းထရံကလေ့ တားဆီးနိုင်ဖို့မဟုတ်ပါ။ လုပ်သင့်စွာက အဟိန်ပြင်းပြင်းနန့် စီးဆင်းလာရေ မြစ်ရီကြောက မြို့ဖက်မြစ်ကမ်းပါးဖက်သို့ မတိုက်စားရအောင် ရီကြောကို မြို့ဖက်သို့မတိုက်​စားရ​အောင်​ လွှဲပီးရပါဖို့။ ရီကြောလွှဲမရာ မြစ်ကမ်းပြိုရေ အန္တရာယ်ကို ထိန်းနိုင်ပါဖို့။
         အဂု ပြိုကျလားရေ အိမ်တိဖက်မာတော့ ကမ်းထိန်းထရံ တည်ဆောက်မှုမဟိပါ။ မြစ်ကမ်းကို အညာရီ တိုက်စားခံရမှု အတွိအကြုံအရ ဒေဂု လက်ဟိ အညာရီမကျသိဘဲ အိမ်(၂)ဆောင် မြစ်ထဲ ပြိုကျလခကေ အညာရီကျလခပြီး နောက်ပိုင်းမာ ကမ်းထိန်းထရံမဟိရေ ဦးစိုးတင့် မြစ်ကမ်းနားဖက်နန့် အောက်ရွာပိုင်း၊ ပြည်တော်လှရပ်ကွက်ဖက် မြစ်ကမ်းနားတလျောက်​မာ  မြစ်ကမ်းထောင်းပြိုဆင်းနိုင်​ပနာ လူနီအိမ်တိစွာ မြစ်ထဲ ပြိုဆင်းလားနိုင်ပါရေ။
          နှစ်ကာလ အဆက်ဆက် မြစ်ကမ်းထောင်းပြိုစွာမာ ပါလခရေ လူတိကို သက်ဆိုင်ရေ အစိုးရဌာန လူကြီးတိက ပြန်လို့နီရာထိုင်ခင်း ချထားပီးမှုလေ့ မဟိခပါ။ ကမ်းထောင်းပြိုကျမှုကြောင့် ဒေ လေးမြို့မြစ်ထဲ မင်းပြားမြို့ တစိတ်ကာလောက် ကပ်ပါလားပါယာ။ ဒေအတိုင်းရာ ဆက်ဖြစ်နီဖို့ဆိုပါကေ လေးမြို့မြစ်ကမ်းစွာ ကျိန်းတောင်ခြီရင်းကိုထိ ရောက်လာပါဖို့" လို့ မင်းပြားမြို့က ဦးသိန်းစံက ပြောပါရေ။

         အညာရီကြီးကေ ကမ်းထောင်းပဲ့ဖို့စွာကို အလိုလို ကြိုတင်လို့ သိနီရေ၊ မြစ်ကမ်းနားမာ နီရေ မင်းပြားသားတိက တနိနိ၊ တချိန်ချိန် ကိုယ်နီထိုင်ရေ အိမ် ဒေမြစ်ထဲ ပါဖို့စွာကို သိသိယင်းနန့် ဒေမြစ်ကမ်းနားက ကိုယ့်အိမ်မာပင် နီကတ်ရပါရေ။

         "မင်းပြားမြို့ မြစ်ကမ်းထောင်းကို ကျိန်းတောင်ခြီရင်းထိ အရောက်ခံဖို့လား။.???
မဟုတ်ကေ မင်းပြားမြစ်ကမ်းထောင်းကို အပြိုမခံဘဲ ဇာပိုင်နည်းတိနန့် ဆောင်ရွက်ကတ်ဖို့လေး။..???" ဆိုစွာရေ မင်းပြားက အမျိုးချစ်တေ လူကြီးတိ ဦးဆောင်မှုနန့် မင်းပြားသူ/သားတိဧ့ စည်းလုံးညီညွတ်မှု၊ ကြိုးစားအားထုတ်မှုမာ မူတည်နီပါရေ။

မင်းပြား - သတင်း
  27 - 6 - 2015

ကမ္ဘာ့အာဇာနီ အသျှင်ဦးဥတ္တမ ကြီးသွန်းရုပ်ထု မင်းပြားမြို့မာသွန်းလုပ်ပြီးစီး

Written By Mong Bra's News on Sunday, June 21, 2015 | 7:31 AM

မင်းပြား (ဇွန် ၂၁၊ ၂၀၁၅)

          ရခိုင်ပြည်၊ မင်းပြားမြို့မာ သမိုင်းမှတ်တိုင်အဖြစ် စိုက်ထူထားဟိဖို့ ကမ္ဘာ့အာဇာနီ အသျှင်ဦးဥတ္တမ ကြီးသွန်းရုပ်ထုကို (၂၁-၆-၂၀၁၅) ဒေနိခါ မြောက်ဦးက ပင့်ဆောင်ယူပနာ မင်းပြားမြို့၊ မြို့နယ်ဓမ္မာရုံကြီးအတွင်းမာ ယာယီ အပူဇော်ခံထားဟိရေလို့ သတင်းရဟိပါရေ။

          ယင်း အသျှင်ဦးဥတ္တမ ကြီးသွန်းရုပ်ထုကို  မြောက်ဦးမြို့၊ ညောင်ပင်ဈီးရပ်ကွက်က ရခိုင့်လက်မှု ကြီးသွန်းဆရာ ဦးကျော်သာညွန့် က (၂၀-၄-၂၀၁၅) ရက်နိကခါ မင်းပြားမြို့ မြို့နယ်ဓမ္မာရုံကြီးကွင်းမာ  သွန်းလုပ်ခပြီးကေ အချောသတ်ဆောင်ရွက်ဖို့ မြောက်ဦးသို့ယူဆောင်ပနာ ဒေနိခါ မင်းပြားမြို့သို့ ပြန်လို့ ပင့်ဆောင်လာစွာလို့ သိရပါရေ။

          "မင်းပြားမြို့မာ သမိုင်းမှတ်တိုင်အဖြစ် စိုက်ထူထားဟိဖို့ အသျှင် ဦးဥတ္တမ ကြီးသွန်းရုပ်ထု ဖြစ်လာအောင် အကြိမ်ကြိမ် အခါခါ ကြိုးစားခကတ်ရပြီးကေ နောက်ဆုံးမာ မင်းပြားမြို့နယ် သံဃာတော် အသျှင်သူမြတ်ရို့ ဦးဆောင်ပနာ (၂၆-၁၁-၂၀၁၄) ရက်နိက ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းပြီးကေ မင်းပြားမြို့သူ/သား၊ ရွာသူ/သား၊ စေတနာသျှင်​၊ အလှူသျှင်တိက စေတနာပေါက် အလှူထည့်ဝင်မှုနန့် ဖြစ်အောင်လုပ်ခစွာပါ" လို့ မင်းပြားမြို့ အသျှင် ဦးဥတ္တမ ကြီးသွန်းရုပ်ထု ဖြစ်မြောက်ရေး ကော်မတီ ဆရာတော်တပါး ဖြစ်တေ ဘဒ္ဒန္တ သဇ္ဇန (သီရိရတနာကျောင်းတိုက်) ချောင်းရှည်ကျောင်း ဆရာတော်က မိန့်ကြားပါရေ။

          မင်းပြားမာ စိုက်ထူဖို့ အသျှင် ဦးဥတ္တမ ကြီးသွန်းရုပ်ထုစွာ အမြင့် (၇) ပေ ဖြစ်ပြီးကေ ကြီးပိဿာချိန် (၂၂၀) နန့် သွန်းလုပ်ခစွာဖြစ်ပါရေ။ လုပ်ခအတွက် ဖေသာ ကျပ်သိန်း (၇၀) ပီးရပါရေ။ ရုပ်ထုရလာကေလေ့ အမြဲတမ်း စိုက်ထူထားဖို့ နီရာမဟိသိရေအတွက် မြို့နယ်ဓမ္မာရုံကြီးအတွင်းမာ ယာယီအပူဇော်ခံထားရရေ" လို့ ယင်း ဆရာတော်က မိန့်ပါရေ။

          ဒေနှစ် စက်တင်ဘာ (၉) ရက်နိခါ ကျရောက်ဖို့ဖြစ်တေ (၇၆) နှစ်မြောက် အသျှင်ဦးဥတ္တမနိကို မင်းပြားမြို့မာ အယင်နှစ်တိကထက်ပိုလို့ စည်စည်ကားကား ကျင်းပနိုင်ဖို့ ဖြစ်ပါရေ။ ယေဒါလေ့ ယင်းရုပ်ထုကို အမြဲတမ်းစိုက်ထူထားဖို့ နီရာက စိန်ခေါ်မှုတခု ဖြစ်နီပါရေ။

          "မင်းပြားမြို့ကို စလို့ မြို့တည်ရေလောက်ကပင် မြို့မဘောလုံးကွင်း ဆိုစွာဟိပါရေ။ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းလို့ စစ်အစိုးရတက်လာခါ ယင်းမြို့မဘောလုံးကွင်းနီရာကို ဂန္ဓာဝေ ပန်းခြံ လို့ နာမေပီးပြီးကေ ပန်းခြံလုပ်ထားပါရေ။ လက်ဟိမာတော့ ယင်းဘောလုံးကွင်း အစိတ်အပိုင်းတချို့ကို စည်ပင်ရုံး၊ ကြံ့ခိုင်ရေးရုံးတိက နီရာယူထားပါရေ။ အဂု ယင်း ဂန္ဓဝေပန်းခြံကို ဦးဥတ္တမပန်းခြံ အဖြစ် ပြောင်းလဲပြီးကေ အသျှင် ဦးဥတ္တမ ကြီးသွန်းရုပ်ထုကို ယင်းပန်းခြံထဲမာ အမြဲတမ်း စိုက်ထူထားနိုင်ဖို့ မင်းပြားမြို့သူ/သားတိက အလိုဟိနီကတ်တေ။ ဖြစ်အောင်လေ့ မြို့လူထုကို စည်းရုံးပနာ ဆောင်ရွက်လားပါဖို့" လို့ မင်းပြားမြို့မာ အသျှင် ဦးဥတ္တမနိကို ဦးဆောင်ဦးရွက် ကျင်းပစွာမာ ပါဝင်လူတယောက်ဖြစ်တေ ဦးသိန်းစံ က ဆိုပါရေ။

          လက်ဟိအချိန်မာတော့ မင်းပြားမြို့မာ ကမ္ဘာကျော် အသျှင် ဦးဥတ္တမ ကြီးသွန်းရုပ်ထု ကို အကောင်အထည်ဖော် သွန်းလုပ်ပြီးစီး အပူဇော်ခံထားဟိနီယာ ဖြစ်ကေလေ့ ယင်းရုပ်ထုကို အမြဲတမ်းစိုက်ထူထားဟိဖို့ နီရာစွာ ဇာနီရာကို ရလာဖို့ဆိုစွာ မင်းပြားမြို့သူ/သား၊ ရွာသူ/သားတိဧ့ စည်းလုံးညီညွတ်မှု၊ ကြိုးစားအားထုတ်မှုမာ မူတည်နီပါရေ။


မင်းပြား - သတင်း
  21 - 6 - 2015

မင်းပြား-ပညာရေးဖောင်ဒေးရှန်းအဖွဲ့က ဦးဆောင်လို့ (၁၀)တန်း ဂုဏ်ထူးရ ကျောင်းသား/သူတိနန့် ဆရာ/မတိကို ထူးချွန်ဆုချီးမြှင့်

Written By Mong Bra's News on Friday, June 19, 2015 | 6:49 AM

မင်းပြား (ဇွန် ၁၉၊ ၂၀၁၅)

        မင်းပြားမြို့၊ ပညာရေးဖောင်ဒေးရှန်းအဖွဲ့က ဦးဆောင်လို့ ၂၀၁၅ ခုနှစ် (၁၀)တန်းကို မင်းပြားမြို့နယ်က ဂုဏ်ထူးနန့် ထူးချွန်အောင်မြင်ကတ်တေ ကျောင်းသား/သူတိနန့် ဂုဏ်ထူးထွက်အောင် သင်ကြားပြသပီးကတ်တေ ဆရာ/မတိကို ထူးချွန်ဆုချီးမြှင့်ရေအခမ်းအနားကို (၁၈-၆-၂၀၁၅) ကြာသားပတီးနိ၊ နိခင်းဖက် (၁) နာရီအချိန်လောက်က မင်းပြားမြို့၊ မြို့နယ်ဓမ္မာရုံကြီးအတွင်းမာ ပြုလုပ်ခရေလို့ သတင်းရဟိပါရေ။

           ယင်းအခမ်းအနားသို့ မြို့နယ်သံဃာ့နာယကဆရာတော် (၉)ပါးအပါအဝင် မင်းပြားမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးနန့် ဌာနဆိုင်ရာလူကြီးတိ၊ ဆရာ/မတိနန့် ကျောင်းသား/သူတိ စုစုပေါင်း (၅၀၀) ကျော်လောက် တက်ရောက်ခကတ်တေလို့ သိရပါရေ။

           ဒေပိုင် (၁၀) တန်း ဂုဏ်ထူးရကျောင်းသား/သူတိကို မင်းပြား ပညာရေးဖောင်ဒေးရှန်းအဖွဲ့က ၂၀၁၂ ခုနှစ်ကပင် စတင်လို့ နှစ်စိုင် ထူးချွန်ဆုချီးမြှင့်ခပြီးကေ ဒေနှစ်ခါတော့ ပညာရေးဖောင်ဒေးရှန်းအဖွဲ့က ဦးဆောင်ကြီးမှူးပနာ မင်းပြားမြို့က စေတနာရှင်၊ အလှူရှင်တိပံ့ပိုးမှုနန့် ထူးချွန်ဆုပီးနိုင်ခစွာလို့ သိရပါရေ။

         ၂၀၁၅ ခုနှစ် (၁၀)တန်း စာမီးပွဲမာ မင်းပြားမြို့နယ်က ရဟိရေ ဂုဏ်ထူးရှင်တိက ဆိုပါကေ -
(၄) ဘာသာဂုဏ်ထူးရှင်  = (၁) ယောက်
(၃) ဘာသာဂုဏ်ထူးရှင်  = (၆) ယောက်
(၂) ဘာသာဂုဏ်ထူးရှင်  = (၈) ယောက်
(၁) ဘာသာဂုဏ်ထူးရှင်  = (၃၈) ယောက်
စုစုပေါင်း ဂုဏ်ထူးရှင်     = (၅၃) ယောက် ဖြစ်ပါရေ။

           "(၁၀)တန်းမာ ဂုဏ်ထူးရ ကျောင်းသား/သူတိအတွက်  (၁)ဘာသာကို ဖေသာ ကျပ် (၂)သောင်း နှုန်းအပြင် ဂုဏ်ထူးထွက်အောင် သင်ကြားပြသပီးခရေ ဆရာ/မတိကိုလေ့ ဖေသာ ကျပ် (၂)သောင်းစီ ချီးမြှင့်ပီးနိုင်ခပါရေ။ (၄) ဘာသာဂုဏ်ထူးရှင် တယောက်ကို ကျပ် (၈)သောင်း၊ (၃) ဘာသာဂုဏ်ထူးရှင် တယောက်စီကို ကျပ် (၆)သောင်း၊ (၂) ဘာသာဂုဏ်ထူးရှင် တယောက်စီကို ကျပ် (၄)သောင်း နန့် (၁) ဘာသာဂုဏ်ထူးရှင် တယောက်စီကို ကျပ် (၂)သောင်းစီ ချီးမြှင့်ခစွာ ဖြစ်ပါရေ" လို့ မင်းပြားမြို့ ပညာရေးဖောင်ဒေးရှန်းအဖွဲ့ အတွင်းရေးမှူး(၂) တာဝန်ကိုယူထားရေ ဆရာ ဦးကျော်သာမြ က ပြောပါရေ။

           "မင်းပြားမြို့နယ် ပညာရေးဖောင်ဒေးရှန်းအဖွဲ့က ပညာသင်ထောက်ပံ့ကြေးအဖြစ် ဆီးတက္ကသိုလ် ကျောင်းသား(၁)ယောက်အတွက် (၁)လကို ဖေသာ ကျပ်(၅)သောင်းနှုန်းနန့် အခြားသက်မွီးဝမ်းကျောင်း တက္ကသိုလ်တက်နီကတ်တေ ကျောင်းသား/သူ (၇) ယောက်အတွက် (၁)ယောက်စီကို (၁)လ ဖေသာ ကျပ်(၃)သောင်းနှုန်းစီ လစိုင်ထောက်ပံ့ပီးနီပါရေ" လို့ ဆရာ ဦးကျော်သာမြ က ပြောပါရေ။

         မင်းပြားမြို့ ပညာရေးဖောင်ဒေးရှန်းအဖွဲ့စွာ မင်းပြားမြို့နယ်က  သက်မွီးဝမ်းကျောင်းတက္ကသိုလ် တက်ရောက်နီကတ်တေ ကျောင်းသား/သူတိကို ၂၀၁၂ ခုနှစ်ကပင်စလို့ ပညာသင်ထောက်ပံ့ကြေး ပီးခစွာဖြစ်ပြီးကေ ဒေဂု လက်ဟိမာတော့ သက်မွီးဝမ်းကျောင်းတက္ကသိုလ် တက်ရောက်နီကတ်တေ ကျောင်းသား/သူ (၈) ယောက်ကို လစိုင် ပညာသင် ထောက်ပံ့ကြေးပီးထားရေလို့ သိရပါရေ။

Photo Credit ; ဓာတ်ပုံ အောင်ကြည်(ဆန်းနုယဉ်) (မင်းပြား)

မင်းပြား - သတင်း
19 - 6 - 2015

       

         
        

ဘုတ်စီးဒုက္ခသည် ဘင်္ဂလီကုလားတိကို ရခိုင်ပြည်က အယင်ဆုံး နှင်ထုတ်ပီးဖို့ မင်းပြားမြို့မာ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်

Written By Mong Bra's News on Sunday, June 14, 2015 | 2:02 AM

မင်းပြား (ဇွန် ၁၄၊၂၀၁၅)

        ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘုတ်စီးထွက်လာရေ ရီမျှောကမ်းတင် ဘင်္ဂလီ ကုလားတိကို ရခိုင်​ပြည်​၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့၊ ယာယီစခန်းမာ ခိုလှုံခွင့်ပီးထားစွာကို ရခိုင်ပြည်က အယင်ဆုံး နှင်ထုတ်ပီးဖို့အတွက် ဆန္ဒဖော်ထုတ်ပွဲတရပ်ကို မင်းပြားမြို့မာ (၁၄-၆-၂၀၁၅) တလင်းဂနီနိ နိခင်းဖက်သား (၁) နာရီအချိန်မာ ပြုလုပ်ခရေလို့ သတင်းရဟိပါရေ။

        "မိုးရွာနီကေလေ့ မိုးစွပ်ခံပနာ ဆန္ဒဖော်ထုတ်ပွဲကို အောင်မြင်အောင် လုပ်နိုင်ခပါရေ။ ဒေတခါ ဆန္ဒဖော်ထုတ်စွာ မင်းပြားမာ ခရီးအကြာဆုံးဖြစ်ပါရေ။ မြို့လူထုတောင်မက မင်းပြားမြို့နန့် အဝီး၊ အပါး ရွာတိက ရွာသူ/သားတိပါ ဘုတ်တိ၊ ဂါရီတိနန့်စီးလို့ လာပနာ ပူးပေါင်းဆန္ဒဖော်ထုတ်ခရေအတွက်နန့် လူအင်အား (၃၀၀၀) လောက်တောင်​ဖြစ်​ခပါ​ရေ" လို့ ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ဦးမိုးနိုင် (ဥက္ကာပျံရပ်ကွက်) က ပြောပါရေ။

        နိခင်းဖက်သား (၁) နာရီအချိန်လောက်မာ မြို့နယ်ဓမ္မာရုံကြီးက စလို့ထွက်ပနာ ကမ်းနားလမ်း၊ ရုံးတက်လမ်း၊ မြောင်းဘွေလမ်း၊ ဦးဥတ္တမလမ်း(ဥက္ကာပျံရပ်ကွက်)၊ ဂန့်ဂေါ်မြိုင်လမ်း၊ ရုံးတက်လမ်း၊ စွန်ရဲလမ်း၊ အောင်ချမ်းသာလမ်း (ပြည်တော်လှကန်ဘောင်ဘေး)၊ ဦးကျော်ဦးလမ်း၊ အောင်မေတ္တာလမ်း၊ စိုးမဲကျီလမ်း၊ အောင်သစ္စာလမ်း၊ ကမ်းနားလမ်းအတိုင်း လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ပနာ မြို့နယ်ဓမ္မာရုံကြီးမာ ပြန်လို့ စုရုံးပြီးကေ ဟောပြောပွဲလုပ်ခရေလို့ သိရပါရေ။

           ဟောပြောပွဲကို နိခင်းဖက်သား (၂) နာရီကျော်လောက်မာ စတင်ပနာ မင်းပြားမြို့၊ အောင်သိဒ္ဒိမင်္ဂလာဓမ္မပီကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဓမ္မပီယက ဟောပြောခပြီးကေ အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ ဘားက ပီးပို့ထားရေ သဝဏ်လွှာကို ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်လှုပ်ရှားသူ တယောက်ဖြစ်တေ ဦးသိန်းစံ က ဖတ်ကြားပီးခရေလို့ သိရပါရေ။ ယင်းနောက် နိခင်းဖက် (၂) နာရီခွဲလောက်မာ ဆန္ဒဖော်ထုတ်ဟောပြောပွဲကို အောင်မြင်စွာ အဆုံးသတ် လူစုခွဲနိုင်ခရေလို့ သတင်း ရဟိပါရေ။

          မိုး တပျင်းရွာနီရေကြားထဲက ဘုတ်စီးဘင်္ဂလီကုလားတိကို အယင်ဆုံး နှင်ထုတ်ဖို့ ဆန္ဒဖော်ထုတ်ပွဲကို လာရောက် ပူးပေါင်း ဆန္ဒဖော်ထုတ်ပီးကတ်တေ မင်းပြား မြို့သူ/သားတိနန့် အဝီးကြီးကပင် ဘုတ်စီး၊ ဂါရီစီးလို့လာကတ်တေ ရွာသူ/သားတိကို ကောင်းကောင်းကြီး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါရေ။

မင်းပြား - သတင်း
  14 - 6 - 2015

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. မင်းပြား - သတင်း - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger